မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက တရားမဝင်အာဏာလုယူခဲ့မှု (၂)နှစ်ပြည့်မြောက်သည့် ၁-၂-၂၀၂၃ ရက်နေ့တွင် ကမ္ဘာတဝှမ်းရှိ အလုပ်သမား သန်း ၂၀၀ ကို ကိုယ်စားပြုသော ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များမှ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု(Myanmar Labour Alliance) အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂများအဖွဲ့ချုပ် (CTUM) က တောင်းဆိုသည့်အတိုင်း ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုနေ့အဖြစ် အားပေးထောက်ခံပြီး မြန်မာ အလုပ်သမားထုအပါအဝင်ပြည်သူတရပ်လုံးနှင့် အတူရပ်တည်ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ခိုင်မာထက်သန်သော ရပ်တည်မှုကိုပြသခဲ့သည့်အတွက် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက ကျေးဇူးတင်ဂုဏ်ယူအားရပါကြောင်းနှင့် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများဆက်လက်ပြုလုပ်ရန် ကြိုဆိုပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။