မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက တရားမဝင်အာဏာလုယူခဲ့မှု (၂)နှစ်ပြည့်မြောက်သည့် ၁-၂-၂၀၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ United Natio-ns (UN) ရုံးရှေ့ နှင့် စစ်ကောင်စီ၏ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ၍ အကြမ်းဖက်အာဏာလုစစ်တပ် အလိုမရှိဆန့်ကျင်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေသည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှ ရှုတ်ချကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုအသိ အမှတ်မပြု ဆန့်ကျင်ကန့်ကွက်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ လူထုရွေးချယ်တင်မြောက်သည့် တရားဝင်အစိုးရ အဖြစ်ထောက်ခံကြောင်း ကြွေးကြော်ဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါစစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒဖော်ထုတ်ပွဲ ဖြစ် မြောက်ရေးအတွက် ဦးဆောင်ခဲ့သည့်ထိုင်းနိုင်ငံရှိ မြန်မာလူမှုရေးနှင့် အလုပ်သမာရေးအဖွဲ့အစည်း များ၊ ပူးပေါင်းပါဝင်ပေးကြသည့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မြန်မာပြည်သူများ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးက အသိအမှတ်ပြု လေးစားဂုဏ်ပြုကြောင်း ကြေညာအပ်ပါသည်။