Frequently Asked Question (FAQ)
၂၀၁၃ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါအလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်ပတ်သက်သည့် မေးခွန်းများ
- အလုပ်သမားများအလုပ်ခွင်စည်းကမ်းများလိုက်နာဆောင်ရွက်ရန်၊
- အလုပ်သမားဥပဒေပါအကျိုးခံစားခွင့်များရရှိစေရန်၊
- အလုပ်ရှင်၊အလုပ်သမားဆက်ဆံမှုကောင်းမွန်စေရန်၊
- အလုပ်ရှင်၊အလုပ်သမားအငြင်းပွားမှုလျော့နည်းကျဆင်းစေရန်၊
- လုပ်ငန်းခွင်အေးချမ်းသာယာစေရန်၊
ကုန်ထုတ်လုပ်မှုတိုးတက်စေရန်။
ECစာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် အလုပ်သမားများအား သာမန်ပြစ်မှုများ အတွက် ပထမအကြိမ်စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ် စာဖြင့် သတိပေးခြင်း၊ တတိယအကြိမ် ဝန်ခံ ကတိလက်မှတ်ရေးထိုးစေခြင်းစသည့်သတိပေးခြင်းသုံးကြိမ်ပြုလုပ်ပြီးနောက် ၁၂လအတွင်း အလုပ်သမား သည် သာမန်ပြစ်မှုကို ထပ်မံကျူးလွန်ခဲ့လျှင် အလုပ်ရှင်သည်နစ်နာကြေး ပေးရန်မလိုဘဲ အလုပ်မှ ရပ်စဲနိုင်သည်။
ECစာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် အလုပ်သမားများအား ကြီးလေး သည့်ပြစ်မှုများအတွက်အလုပ်ရှင်သည်နစ်နာကြေးပေးရန်မလိုဘဲအလုပ်မှရပ်စဲနိုင်သည်။
၂၀၁၃ခုနှစ်အနည်းဆုံးအခကြေးငွေဥပဒေဆိုင်ရာမေးခွန်းများ
(က) ရထိုက်ခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့်အားလုံးကို မရရှိလျှင်သော်လည်းကောင်း၊
သတ်မှတ်ထားသောအနည်းဆုံးအခကြေးငွေအောက်လျော့နည်း၍ရရှိလျှင် သော်လည်းကောင်း အဆိုပါ နစ်နာသောအခကြေးငွေနှင့် ခံစားခွင့်များရရှိရေး အတွက် ရထိုက်ခွင့် ရှိသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာပြည်ထောင်စုနယ် မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ဦးစီးဌာန(အလုပ်သမားညွှန်ကြားရေး)သို့တင်ပြနိုင်သည်။
(ခ) ရထိုက်ခွင့်ရှိသော အခကြေးငွေအားလုံးအတွက် တရားမကြောင်းအရ တရားစွဲဆို နိုင်သည်။
၂၀၁၁ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်သက်ဆိုင်သည့်မေးခွန်းများ
လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုရှိ အလုပ်လုပ်ရန် ပြဌာန်းထားသော တည်ဆဲ ဥပဒေအသီးသီးရှိ သတ်မှတ်ထားသော အသက်အရွယ်ရှိသည့်အလုပ်သမားတိုင်းသည်-
(က) ယင်းတို့၏ဆန္ဒအလျောက်အလုပ်သမားအဖွဲ့အစည်းတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်နှင့် အလုပ်သမား အဖွဲ့အစည်းမှနှုတ်ထွက်ခွင့်ရှိသည်။
(ခ) မိမိတို့နှင့်သက်ဆိုင်သည့်လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့ စည်းထားသည့် အလုပ်သမားအဖွဲ့အစည်းတစ်ခုတည်းတွင်သာအဖွဲ့ဝင်အဖြစ် ပါဝင် ခွင့်ရှိသည်။
အလုပ်ရှင်များသည်အလုပ်ရှင်အဖွဲ့အစည်းကိုဥပဒေအရအပြိုင်ဖွဲ့စည်းနိုင်သည်။
အလုပ်သမားများနှင့်အလုပ်ရှင်များ၏ အကျိုးကို ဆောင်ရွက်နိုင်ရန် အလို့ငှာ အခြေခံအလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းရာတွင်-
(၁) အခြေခံအလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဖြင့်ဖွဲ့စည်းနိုင်သည်။ အလုပ်သမား ၃၀ ဦးအောက်ရှိသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု ဖြစ်ပါက လုပ်ငန်း သဘောသဘာဝတူညီသော အခြားလုပ်ငန်းသို့မဟုတ်လုပ်ဆောင်မှု တစ်ခုခုနှင့် ပူးပေါင်းဖွဲ့စည်းနိုင်သည်။
(၂) ယင်းသို့ဖွဲ့စည်းရာတွင် သက်ဆိုင်ရာလုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှုရှိ စုစုပေါင်း အလုပ်သမား များ၏ ၁၀ရာခိုင်နှုန်းအောက် မနည်းသူများက ထောက်ခံရမည်။
အောက်ဖော်ပြပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ခဲ့လျှင် မှတ်ပုံတင်အရာရှိချုပ်သည် အလုပ်သမား အဖွဲ့အစည်းတစ်ခုအား မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်နိုင်သည်-
(က) အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က လျှောက်ထားခြင်း၊
(ခ) သတ်မှတ်ထားသည့် အနည်းဆုံးအလုပ်သမားဦးရေ သို့မဟုတ် အလုပ်သမားအဖွဲ့ အစည်းဦးရေ ပြည့်မီမှုမရှိတော့ကြောင်း စိစစ်တွေ့ရှိရခြင်း။
မှတ်ပုံတင်အရာရှိချုပ်သည် မြို့နယ်မှတ်ပုံတင်အရာရှိ၏စိစစ်တင်ပြချက်အရလည်းကောင်း၊ မိမိ ကိုယ်တိုင်ခိုင်လုံစွာ သိရှိသဖြင့်လည်းကောင်း၊ ဥပဒေအရသတ်မှတ်ထားသော အနည်းဆုံး အလုပ်သမားဦးရေ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဦးရေ ပြည့်မီမှုမရှိတော့ကြောင်း ပေါ်ပေါက်သည့် အလုပ်သမားအဖွဲ့အစည်းအား အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်နိုင်သည်။
၁၉၂၃ခုနှစ်၊ အလုပ်သမားလျော်ကြေးဥပဒေနှင့်ပတ်သက်သည့်မေးခွန်းများ
မတော်တဆထိခိုက်၍ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခြင်း၊ အလုပ်အကိုင်နှင့် သက်ဆိုင်သည့်ရောဂါရရှိခြင်းပေါ်ပေါက်သည့်အခါ အလုပ်သမားနှင့်၎င်းမှီခိုသူများ၏ စားဝတ်နေရေး ကသီလင်တမဖြစ်စေရန်။
အလုပ်လုပ်နေစဉ် အလုပ်ကိုအကြောင်းပြု၍-
ထိခိုက်ဒဏ်ရာရရှိမှု၊
သေဆုံးမှု၊
ရောဂါရရှိမှု
အလုပ်လုပ်နေစဉ်၊အလုပ်ချိန်အတွင်း-
– သေရည်သေရက်သောက်စားထားခြင်း၊ဆေးဝါးများမှီဝဲ၍ မူးယစ်ထုံထိုင်းနေခြင်း၊
– ဘေးအန္တရာယ်မဖြစ်စေရန် အတိအလင်းဖော်ပြထားသည့် အမိန့်စည်းကမ်းများကို တမင် သက်သက်မလိုက်နာခြင်း၊
– ဘေးအန္တရာယ်ကာကွယ်ရန်အတွက်ပြုလုပ်ပေးထားသည့် အကာအကွယ်များကိုသိလျက် နှင့်တမင်သက်သက်ဖယ်ရှားပစ်ခြင်း၊အလေးမထားခြင်း။
၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေနှင့်သက်ဆိုင်သည့် အချက်များ
တစ်ရက်အလုပ်ချိန် (၈) နာရီ၊ တစ်ပတ်အလုပ်ချိန် (၄၄) နာရီ ဖြစ်ပါသည်။
အဆက်မပြတ် လည်ပတ်လုပ်ကိုင်ရသော လုပ်ငန်း(၉)မျိုးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်များ၊ ရေခဲစက်များ၊ ရေနံချက်စက်များ၊ ရေနှင့်ဆီမှုတ်စက်များ၊ သစ်ပေါင်းတင်လုပ်ငန်းများ၊ ရေအား (သို့မဟုတ်)ဓာတ်ငွေ့အား ပြုလုပ်သော စက်များ၊ ဓာတုဗေဒလုပ်ငန်းများ၊ အသီးအနှံမှ ထုတ်ယူသော ဆီစက်များ၊ သကြားစက်များတွင် တစ်ရက် အလုပ်ချိန်(၈) နာရီ၊ တစ်ပတ် အလုပ်ချိန် (၄၈)နာရီ ဖြစ်ပါသည်။
အလုပ်သမားများသဘောဆန္ဒနှင့်အညီသက်ဆိုင်ရာဦးစီးဌာနသို့ ကြိုတင်၍ OT ခွင့်ပြုမိန့် တောင်းခံလုပ်ကိုင်နိုင်ပါသည်၊။
အချိန်ပိုလုပ်ခနှုန်းထားကိုအောက်ပါပုံသေနည်းနှင့် တွက်ချက်ပေးချေရပါမည်-
လစားအလုပ်သမားများအတွက် (တစ်နာရီအချိန်ပိုလုပ်ခ မှာ)
နေ့စားအလုပ်သမားများအတွက် (တစ်နာရီအချိန်ပိုလုပ်ခ မှာ)
ပုတ်ပြတ်အလုပ်သမားများအတွက် (တစ်နာရီအချိန်ပိုလုပ်ခ မှာ)
တနင်္ဂနွေနေ့တိုင်းကို ရက်သတ္တပတ်တစ်ပတ်လျှင် အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပေးရမည်။ တနင်္ဂနွေ နေ့ တွင် အလုပ်ရုံဖွင့်လှစ်လုပ်လိုပါက သတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ သက်ဆိုင်ရာ ဦးစီးဌာနသို့ အနည်းဆုံး ၃ရက် ကြိုတင်၍တင်ပြပြီး ခွင့်ပြုမိန့်ရရှိပါက ဖွင့်လှစ်လုပ်ကိုင်နိုင်ပါသည်။ ထိုနေ့တွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအားတနင်္ဂနွေနေ့မတိုင်မီ ၃ ရက် (သို့မဟုတ်) တနင်္ဂနွေနေ့ နောက် ၃ ရက် အနက် တရက်ရက်တွင် အလုပ်ပိတ်ရက်အဖြစ် အစားထိုး ပိတ်ရမည်ဖြစ်ပါသည်။
အသက်(၁၆)နှစ်ပြည့်ပြီး (၁၈)နှစ် မပြည့်သေးသည့် လူငယ်အလုပ်သမားများအား လူကြီးအဖြစ် အလုပ် လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်ဖြင့် သော်လည်းကောင်း၊ အသက် (၁၄)နှစ် ပြည့်ပြီး (၁၆)နှစ် မပြည့်သေးသည့် လူရွယ်အလုပ်သမားများအား ကလေးအဖြစ်အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်ဖြင့်သော်လည်းကောင်း ခိုင်းစေ နိုင်ပါသည်။ သို့သော် ထိုလူငယ်အလုပ်သမားများအားအချိန်ပိုခိုင်းစေခွင့် မရှိပါ။
တနေ့လျှင် ၄ နာရီထက်ပို၍ မခိုင်းစေရ။ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်းမခိုင်းစေရ။ အလုပ်ရုံတခု၌ အလုပ်လုပ်ပြီးသောရက်တွင် အခြားအလုပ်ရုံတခု၌ ခိုင်းစေခြင်းမပြုရ။
အသက်(၁၄)နှစ်
အနည်းဆုံးနာရီဝက် အနားမပေးဘဲ ငါးနာရီထက်ပို၍ တဆက်တည်းအလုပ်မလုပ်စေရ။ တစ်ရက်လျှင် အလုပ်ချိန်နှင့် နားချိန် ၂ ခုပေါင်းသည်လည်း (၁၀)နာရီထက် မပိုစေရ။
အလုပ်သမား (၁၀၀)ဦးထက် ပိုသောအလုပ်ရုံတွင် သင့်တော်လုံလောက်သောနားနေခန်းနှင့် အလုပ်သမား များက ၎င်းတို့ယူဆောင်လာသောအစာကိုစားနိုင်ရန် သောက်ရေနှင့်တကွ သင့်တော်လုံလောက်သော စားသောက်ခန်းစီမံထားရမည်။
မိခင်အလုပ်သမား (၁၀၀) ဦးနှင့်အထက်ရှိသောအလုပ်ရုံတွင် ထိုမိခင်အလုပ်သမားများ၏ (၅)နှစ်အောက် ကလေးများအတွက်ကလေးထိန်းဌာနကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အကူအညီရယူဆောင်ရွက်ရမည်။ မိခင်အလုပ်သမား (၁၀၀) ဦးမပြည့်သည့် အလုပ်ရုံတွင် လုပ်ငန်းပိုင်ရှင်က ကလေးထိန်းခန်းကိုသင့်တော် သလိုစီမံထားရှိရမည်။
အလုပ်သမား (၂၅၀) အောက်အလုပ်ရုံတွင် ဆေးဝါးပစ္စည်းများပြည့်စုံစွာပါဝင်သော ဆေးဗီရို (၁) လုံး ထားရှိရမည်။
အလုပ်သမား (၂၅၀) ထက်ပို၍ ခိုင်းစေသောအလုပ်ရုံတွင် အချိန်ပိုင်းဆရာဝန်၏ ကြီးကြပ်မှုဖြင့် အချိန်ပြည့် သူနာပြုတစ်ဦး နှင့် သူနာပြုခန်း (သို့မဟုတ်) ဆေးပေးရုံတစ်ခုထားရှိရမည်။
အားအကူအညီဖြင့် အလုပ်သမား(၅)ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် (သို့မဟုတ်) အားအကူအညီ မရှိဘဲအလုပ်သမား (၁၀)ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် (သို့မဟုတ်) အလုပ်သမားတစ်ဦးနှင့် အထက်အလုပ်လုပ်ကိုင်သည့် မော်တော်ယာဉ်ပြင်ဆင်ရာဌာန၊ မော်တော်ယာဉ် ဆေးသုတ်ရာဌာန၊ စာပုံနှိပ်ဌာနနှင့် ဆီကြိတ်ဌာနများသည် အလုပ်ရုံဖြစ်သည်။
(၁) အလုပ်ခွင်ရှိအမှိုက်သရိုက်များကိုနေ့စဉ်လှည်းကျင်းခြင်း၊
(၂) အလုပ်ရုံ၏ အခန်းတိုင်းကိုအလင်းရောင်နှင့် လေကောင်းလေသန့်လုံလောက်စွာရရှိစေရန်၊အပူအအေး မျှတစေရန် ဆောင်ရွက်ထားခြင်း၊
(၃) လုပ်ငန်းခွင်မှ ထွက်ပေါ်လာသောအမှုန်အမွှားနှင့် အခိုးအငွေ့များအလုပ်ခန်းအတွင်းစုဝေးမနေအောင် စီမံထားခြင်း၊
(၄) လူထူထပ်မှုမရှိအောင် စီမံထားခြင်း၊
(၅) သန့်ရှင်းသောသောက်ရေကိုလုံလောက်စွာပေးထားခြင်း၊ သောက်ရေကို လျှော်ဖွပ်သည့် နေရာနှင့် ကျင်ကြီးကျင်ငယ်စွန့်သည့် နေရာများမှ ပေ ၂၀ အတွင်းမရှိစေရန် စီမံထားခြင်း၊
(၆) အလုပ်သမား ၂၅၀ အထက် လုပ်ကိုင်သောအလုပ်ရုံများတွင် နွေအခါ အေးမြအောင် ပြုလုပ်ထားခြင်း၊
(၇) အိမ်သာများကိုလုံလောက်စွာနှင့် သန့်ရှင်းစွာထားရှိခြင်း၊ အမျိုးသားနှင့် အမျိုးသမီးများအတွက် သီးခြားထားပြီးထင်ရှားအောင် အမှတ်အသားပြုခြင်း၊
(၈) လည်ပတ်လှုပ်ရှားနေသောစက်အစိတ်အပိုင်းများကိုလုံခြုံခိုင်ခံ့စွာကာရံထားခြင်း၊
(၉) အလုပ်ခန်းတိုင်းတွင် အရေးတကြီးကိစ္စများရှိလျှင် အားဖြတ်တောက်ရန် သင့်တော်သောကိရိယာများစီမံထားခြင်း၊
(၁၀) မြှောက်စက်၊ပင့်စက်၊ ကရိန်းစက်များတွင် အများဆုံးသယ်ယူခွင့် ရှိသောဝန်ချိန်ကို မြင်သာအောင် ရေးထားရန်နှင့် ယင်းဝန်ချိန်ထက် ပို၍ မတင်ရန်၊ မြှောက်စက်နှင့် ပင့်စက်များကို ခြောက်လ တစ်ကြိမ်နှင့် ကရိန်းစက်များကို ၁၂ လတစ်ကြိမ် စစ်ဆေးပိုင်ခွင့် ရှိသူကစစ်ဆေးပြီးအချက်များကို Register စာအုပ်တွင် ရေးသွင်းခြင်း၊
(၁၁) ကြမ်းပြင်၊ လှေခါးနှင့် သွားလမ်းတို့ကိုကောင်းမွန်စွာဆောက်လုပ်၍ ခိုင်ခံ့သောလက်ရန်းများ တပ်ဆင်ပေးရန်၊ တွင်း၊လှောင်ကန်၊ကြမ်းပေါက် စသည်များကိုလုံခြုံစွာဖုံးအုပ်ထားရန်၊
(၁၂) မီးလောင်လျှင် လွတ်မြောက်နိုင်ရန် မီးဘေးစီမံချက်များရေးဆွဲခြင်း၊ အရေးပေါ် ထွက်ပေါက်သို့ သွားရာလမ်းများကို ရှင်းလင်းထားခြင်း၊ မီးအချက်ပေးကိရိယာများတပ်ဆင်ခြင်း၊ တံခါးများကို အပြင်ဖွင့် တံခါးများဖြစ်အောင် စီမံထားခြင်း၊
(၁၃) အလုပ်လုပ်ရာတွင် ထိုင်ခွင့်ကြုံကထိုင်နိုင်ရန်ထိုင်ခုံများစီစဉ်ပေးထားခြင်း၊
၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေနှင့်သက်ဆိုင်သည့် အချက်များ
- ခရီးစရိတ်၊ ခရီးသွားလာမှုအတွက် ထောက်ပံ့ငွေ
- ခေတ္တစိုက်ထုတ်ကျခံသုံးစွဲငွေ
- လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေကြေးများ
- အလုပ်သမားများအတွက် ပေးသွင်းသည့် ထည့်ဝင်ကြေး
- နေထိုင်ခ၊ စားသောက်စရိတ်၊ လျှပ်စစ်ဓါတ်အားခ၊ ရေဖိုး၊ အခွန်အခ
- ဆေးကုသစရိတ်၊ အပန်းဖြေခ
- အလုပ်ထုတ်နစ်နာကြေး၊ ကရုဏာကြေး
- ပင်စင်လစာ၊ အငြိမ်းစားလုပ်သက်ဆုငွေ
ပြည်တွင်းသုံးငွေ၊ နိုင်ငံခြားသုံးငွေ တို့ဖြင့် ငွေသား၊ ချက်လက်မှတ်၊ ဘဏ်စာရင်းတို့ဖြင့်ပေးချေနိုင်သည်။
အလုပ်သမားသဘောတူညီပါက ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ကုန်ပစ္စည်းတချို့တစ်ဝက်ဖြင့်လည်း ပေးချေနိုင်သည်။
နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ သို့မဟုတ် အခြားအချိန်ပိုင်းအလုပ်တခုခု အတွက် သော် လည်းကောင်း ၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်တစ်ခုအတွက်သော်လည်းကောင်း၊ အလုပ် ပြီးဆုံးသည့်အခါတွင်ဖြစ်စေ၊ အလုပ်သမားနှင့်သဘောတူညီသည့် တစ်လထက်မကျော်သောအချိန် ကာလ တွင်ဖြစ်စေ အခကြေးငွေပေးချေရမည်။
- အလုပ်သမား ၁၀၀ ထက်မပိုပါက အခကြေးငွေပေးရန် အချိန်အပိုင်းအခြားကုန်သည့်ရက်၊
- အလုပ်သမား ၁၀၀ ထက်ပိုပါက အခကြေးငွေပေးရန်အချိန်အပိုင်းအခြား ကုန်ဆုံးပြီး နောက်အကျဆုံး (၅) ရက်အတွင်း၊
- အလုပ်ရပ်စဲခြင်းခံရသော အလုပ်သမားအား ရပ်စဲခံရသည့်နေ့မှ အလုပ်ဖွင့်ရက် (၂) ရက်အတွင်း၊
- အလုပ်ရှင်ထံကြိုတင်အကြောင်းကြားစာ ပေးပို့၍ အလုပ်မှနုတ်ထွက်သည့်အလုပ်သမားအား အခ ကြေးငွေပေးချေရန် အချိန်အပိုင်းအခြား ကုန်ဆုံးသည့်နေ့၊
- အလုပ်သမားသေဆုံးပါက သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် (၂)ရက်အတွင်း တရားဝင် အမွေ ဆက်ခံသူထံပေးရန်။
- ဥပဒေအရ ခွင့်ရက်၊ အလုပ်ပိတ်ရက်များမှ အပ အလုပ်မဆင်းသည့် ကာလအတွက် အခကြေးငွေ
- အခကြေးငွေတွင် ပါဝင်ခြင်းမရှိသောငွေများ၊
- မှားယွင်း၍ ပိုပေးမိသောငွေများ၊
- အလုပ်သမား၏ တောင်းဆိုချက်အရ ကြိုပေးငွေ၊ စိုက်ထုတ်ပေးငွေ၊ စုငွေ၊ ဥပဒေအရ ထည့်ဝင်ကြေး တစ်ရပ်ရပ်၊
- တရားရုံး၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်တွင်ပါဝင်သော နုတ်ယူ ဖြတ်တောက်ရန် ငွေကြေး၊
- အလုပ်သမား ၏ ပေါ့ဆမှု ၊ မရိုးဖြောင့်မှု၊ ပျက်ကွက်မှုကြောင့် တိုက်ရိုက်ပေါ်ပေါက်လာသည့် ပစ္စည်း၊ ငွေကြေးပျက်စီးဆုံးရှုံးမှုတန်ဖိုး၊
- အလုပ်ခန့်ထားမှုသဘောတူစာချုပ်ပါဒဏ်ငွေသတ်မှတ်ထားသည့်လုပ်ငန်းခွင်စည်းကမ်းဖောက်ဖျက်မှု
၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများဥပဒေနှင့်သက်ဆိုင်သည့်အချက်များ
- တစ်ရက်လျှင် သာမန်အလုပ်ချိန် (၈) နာရီ
- ရက်သတ္တပတ်လျှင် (၄၈) နာရီ
- အသက် (၁၄ ) နှစ်နှင့် (၁၆) နှစ်ကြားအလုပ်သမား ဖြစ်ပါက တစ်ရက်လျှင် အလုပ်ချိန် (၄) နာရီ
- မိနစ် (၃၀) အနားမပေးဘဲ တဆက်တည်း အလုပ်ချိန် (၄) နာရီထက်ပိုမခိုင်းရ။
အလုပ်သမားဆန္ဒရှိပါက ရက်သတ္တပတ်လျှင် အချိန်ပို (၁၂) နာရီဖြစ်ပြီး တစ်ရက်လျှင် အလုပ်ချိန်၊ နားချိန်၊ အချိန်ပို စုစုပေါင်း (၁၁) နာရီထက်မပိုရ။
၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေနှင့်သက်ဆိုင်သည့်အချက်များ
- ရှောင်တခင်ခွင့်
- လုပ်သက်ခွင့်
- ဆေးလက်မှတ်ခွင့်
- မီးဖွားခွင့်
- ရက်သတ္တပတ် အလုပ်ပိတ်ရက်များ
- အများပြည်သူအလုပ်ပိတ်ရက်များ
ရှောင်တခင်ခွင့်
- လုပ်သက် (၂) လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့် (၁) ရက်နှုန်း
- တစ်နှစ်လျှင် (၆) ရက်
- လစာငွေ (သို့) အခကြေးငွေဖြင့်
- သက်ဆိုင်ရာနှစ်အတွင်း မယူပါက ပျက်ပြယ်သည်၊
- မည်သည့်ခွင့်နှင့်မျှ ပေါင်းစပ်ယူ၍ မရ
လုပ်သက်ခွင့်
- (၁) နှစ်လျှင် (၁၀) ရက်
- ပျမ်းမျှလစာငွေဖြင့်
- အလုပ်ရှင်၊ အလုပ်သမားသဘောတူညီမှုဖြင့် စုဆောင်းနိုင်သည်၊
မီးဖွားခွင့်
- မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ် ၊ စုစုပေါင်း (၁၄) ပတ်
- လစာငွေဖြင့်
- ဆေးလက်မှတ်ခွင့်ရက်နှင့် ပေါင်းစပ်ယူနိုင်သည်၊
ဆေးလက်မှတ်ခွင့်
- လစာငွေဖြင့် (၁) နှစ်လျှင် (၃၀) ရက်
- သက်ဆိုင်ရာဆရာဝန်၏ ဆေးလက်မှတ်တင်ပြရမည်၊
- လုပ်သက် (၆) လပြည့်ရမည်၊
- လုပ်သက် (၆) လမပြည့်ပါက လစာမဲ့ ဆေးလက်မှတ်ခွင့် ခံစားနိုင်သည်၊
- မီးဖွားခွင့်ဖြင့် ပေါင်းစပ်ယူနိုင်သည်။
ရက်သတ္တပတ်အလုပ်ပိတ်ရက်
- ရက်သတ္တပတ်လျှင် အနည်းဆုံး (၁) ရက်
- အခကြေးငွေ (သို့မဟုတ်) လစာငွေပြည့်ဖြင့် ၊
အများပြည်သူအလုပ်ပိတ်ရက်
- ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဉ်ထုတ်ပြန် ကြေညာသည့် အများ ပြည်သူ အလုပ်ပိတ်ရက်များ
- အလုပ်ခိုင်းစေပါက ထိုနေ့အတွက် လုပ်ခလစာကို ပေးမြဲနှုန်း၏ (၂) ဆခံစားခွင့်ရှိသည်။
၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်ပတ်သက်သည့် မေးခွန်းနှင့် အဖြေများ
အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှရပ်စဲခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တစ်ဆက်တည်းလုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ(အချိန်ပိုကြေးမပါ)ဖြင့် အောက် ဖော်ပြပါ နစ်နာကြေးနှုန်းထားများအတိုင်းပေးရမည်-
(က) လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက် လစာ၊
(ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်ပါက နစ်နာကြေး တစ်လစာ၊
(ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲလစာ၊
(ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ၊
(င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ၊
(စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ၊
(ဆ) လုပ်သက် ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ၊
(ဇ) လုပ်သက် တစ်ဆယ်နှစ်ပြည့်ပြီး ၂၀နှစ် မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊
(ဈ) လုပ်သက် ၂၀နှစ် ပြည့်ပြီး ၂၅နှစ် မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ၊
(ည) လုပ်သက် ၂၅နှစ်နှင့်အထက် ရှိပါက နစ်နာကြေး ၁၃ လစာ၊
အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီ ချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်ရှင်သည်-
(က) အလုပ်သမားအဖွဲ့အစည်းရှိလျှင် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီ၊
(၂) အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင် ကိုယ်စား လှယ်များ။
(ခ) အလုပ်သမားအဖွဲ့အစည်းမရှိလျှင် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ်သုံးဦး၊
(၂) အလုပ်ရှင်ကိုယ်စားလှယ်သုံးဦး။
ညှိနှိုင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းအကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရခြင်းကြောင့်ဖြစ်ပါသည်။
အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြား လာပါက ညှိနှိုင်းရေးကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။
ညှိနှိုင်းရေးကော်မတီသည် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှုမှတ်တမ်းရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။
အလုပ်သမား ၃၀ ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း မရှိသည့်လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စား လှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်းရေးသားထားရှိရမည်။