ကိုယ်ရေးအကျဉ်း
အမည် | နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ |
မွေးသက္ကရာဇ် | ၁၂၊ ၂၊ ၁၉၄၃ |
မွေးရပ်ဇာတိ | ထုံးအိုင်ရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ် |
မိဘအမည် | နိုင်ဖုန်း၊ ဒေါ်အုန်းမယ် |
လူမျိုး၊ ဘာသာ | မွန်၊ ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | B.A |
နိုင်ငံရေးဆောင်ရွက်မှုများ
၁၉၆၁ ခုနှစ် | မော်လမြိုင်ခရိုင် မွန် ကျောင်းသူ/ ကျောင်းသားများအသင်း ဒုဥက္ကဋ္ဌ။ |
၁၉၆၂ ခုနှစ် | ရန်ကုန်လုပ်သားများတက္ကသိုလ် ကျောင်းသူ/ ကျောင်းသားများအသင်းအဖွဲ့ဝင် (မြေအောက်) လူမျိုးစု တာဝန်ခံ၊ မော်လမြိုင်ခရိုင် မွန်စာပေအသင်း ဒုဥက္ကဌ။ |
၁၉၆၅ ခုနှစ် | မွန်အမျိုးသားများကယ်တင်ရေးအဖွဲ့ ( Mon Salvation League :MSL ) ဥက္ကဌ (မြေအောက်)။ |
၁၉၆၇ ခုနှစ် | မော်လမြိုင်ထောင်နှင့် အင်းစိန်ထောင်တို့တွင်(၃)နှစ်(၂)လ အထိန်းသိမ်းခံခဲ့ရသည်။ |
၁၉၈၈ ခုနှစ် | မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (MNDF) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်ယူခဲ့သည်။ |
၁၉၉၀ ခုနှစ် | ရွေးကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေတွင် MNDF ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ |
၂၀၀၃ ခုနှစ် | UNA မှ အခါအားလျော်စွာ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့၊ |
၂၀၀၃ ခုနှစ် | UNA အဖွဲ့နှင့်အတူ ကမ္ဘာ့ကုလသမဂ္အဖွဲ့ချုပ်မှ ပုဂ္ဂိုလ် များ၊ နိုင်ငံခြားသံရုံးများမှ ပုဂ္ဂိုလ်များ၊ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်မှ ပုဂ္ဂိုလ် များနှင့် မကြာခဏ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူမျိုးစုရေးရာများ၊ လူ့အခွင့်အရေးအရာများကို ဆွေးနွေးတင်ပြခဲ့သည်။ |
၂၀၀၇ ခုနှစ် နှင့် ၂၀၁၁ခုနှစ် | ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုံ အစည်းအဝေးပွဲသို့တက်ရောက်ခဲ့သည်။ |
၂၀၁၂ ခုနှစ် | မွန်ဒီမိုကရေစီပါတီ (MDP) ဗဟိုအလုပ်မှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ |
၂၀၁၅ ခုနှစ် | ၂၀၁၅ ခုနှစ် မွန်အမျိုးသားပါတီ ( MNP) ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူနေစဉ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘားအံမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မြေတွင် MNP လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ |
၂၀၁၇ ခုနှစ် | ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့တွင် ကျင်းပသည့် တိုင်းရင်းသားလူမျိုးစုံ အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့သည်။ |
၂၀၁၈ ခုနှစ် | ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့တွင် ကျင်းပသည့် ENAC အစည်းအဝေးပွဲသို့တက်ရောက်ခဲ့သည်။ |
၂၀၂၀ ခုနှစ် | မွန်ညီညွတ်ရေးပါတီ (MUP) ၏ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ |
လက်ရှိနိုင်ငံရေး ဆောင်ရွက်ချက်များ
MUP ပါတီ မှ ၁-၂-၂၀၂၁ တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော စစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည့်အတွက် ၂၆-၃-၂၀၂၁ ရက်နေ့တွင် အဆိုပါပါတီမှနှုတ်ထွက်ခဲ့သည်။
လက်ရှိအချိန်တွင် Mon State Interim Coordination Committee ( MSICC ) တွင် ဥက္ကဌ အဖြစ်တာဝန်ယူထမ်းဆောင်လျက်ရှိသည်။