မြန်မာအေဂျင်စီ JMK ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံအေဂျင်စီ Project Managing Engineering Corp.,Ltd တို့မှစေလွှတ်လိုက်သည့် MOU အလုပ်သမား ၁၀ဦးအတွက် လုပ်အားခများနှင့် အလုပ်ပြောင်းရွှေ့ခွင့်စာ (ကျန်အော့)ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

Ministry of Labour https://mol.nugmyanmar.org/my/news/assist-10-workers-in-getting-the-rest-of-their-wages-and-work-transfer-permits/

မြန်မာအေဂျင်စီ JMK ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံအေဂျင်စီ Project Managing Engineering Corp.,Ltd တို့မှစေလွှတ်လိုက်သည့် MOU အလုပ်သမား ၁၀ဦးအတွက် လုပ်အားခများနှင့် အလုပ်ပြောင်းရွှေ့ခွင့်စာ (ကျန်အော့)ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

၁။ ၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၉ ရက်နေ့တွင် မြန်မာအေဂျင်စီ JMK ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံအေဂျင်စီ Project Managing Engineering Corp.,Ltd တို့မှစေလွှတ်လိုက်သည့် MOU အလုပ်သမား ၁၀ဦးအား အလုပ်ရှင်မှ စာချုပ်ပါအလုပ်အကိုင်မဟုတ်သည့် ဆောက်လုပ်ရေးအလုပ်နှင့် ဆီအုန်းခြံတွင်အလုပ်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အဆိုပါအလုပ်သမား ၁၀ ဦးသည်စာချုပ်နှင့်မကိုက်ညီသည့် အလုပ်ဖြစ်သည့်အတွက် ၎င်းအလုပ်တွင်ဆက်လက်မလုပ်ကိုင်လို‌တော့ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနလက်အောက်ရှိ (ဘန်ကောက်ရုံးခွဲ) တာဝန်ခံထံအကူညီတောင်းခံရာ ၂၀၂၃ ခုနှစ် ၁ လပိုင်း ၃၀ ရက်နေ့တွင် ၎င်းအလုပ်သမား ၁၀ ဦးအတွက် လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းဖြင့် အလုပ်သမားများအလုပ်မဆင်းရသည့်ရက်ပေါင်း ၂၄ ရက်အတွက် တစ်ဦးလျှင်ဘတ် ၆၀၀၀ စုစုပေါင်းဘတ် ၆၀၀၀၀ နှင့်အလုပ်ပြောင်းရွှေ့ခွင့်စာ ကျန်အော့ရရှိအောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၂။ JMK အေဂျင်စီအနေဖြင့် MOU လုပ်သားစေလွှတ်သည့်အခါတိုင်း စာချုပ်ပါ လုပ်ငန်းခွင်နှင့်အလုပ်အကိုင်များအတိုင်း တာဝန်ယူပို့ဆောင်ပေးနိုင်မှုမရှိပဲ အမြဲလိုလို ဥပဒေစည်းမျဉ်စည်းကမ်းများအားချိုးဖောက်လျက်ရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် JMK အေဂျင်စီအပါအဝင် လုပ်ငန်းခွင်အရောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့် အလုပ်သမားအခွင့်အရေးချိုးဖောက်လျက်ရှိသည့် အေဂျင်စီများအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug