Ministry of Labour https://mol.nugmyanmar.org/my/ministers/union-deputy-minister-biography/

ဦးကျော်နီ(ခ) ဦးကျော်ကျော်

ပြည်ထောင်စုဒုတိယဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန

ကိုယ်ရေးအကျဉ်း

အမည် ဦးကျော်နီ(ခ) ဦးကျော်ကျော်
မွေးသက္ကရာဇ် ၁၄၊ ၆၊ ၁၉၇၈
မွေးရပ်ဇာတိ ဝါးခယ်မမြို့၊ ဧရာဝတီတိုင်း
မိဘအမည် ဦးအုန်းရွှေ၊ ဒေါ်တင်အေး
ပညာအရည်အချင်း ဥပဒေဘွဲ့ (LL.B)

နိုင်ငံရေးဆောင်ရွက်မှုများ

နိုင်ငံရေးဆောင်ရွက်မှုများ

၂၀၀၂ ခုနှစ်NLD ပါတီသို့စတင်ဝင်ရောက်ခဲ့သည်။
၂၀၀၃ ခုနှစ်

ဒီပဲယင်း လုပ်ကြံမှုကြောင့် NLD ရုံးများပိတ်ခံထားရချိန်တွင် 

  • ဒီပဲယင်းအဖြစ်မှန်ဖော်ထုတ်ပေးရေး၊
  • ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရေး၊
  • ရုံးခန်းများပြန်လည်ဖွင့်ပေးရေး တို့အတွက်လှုပ်ရှားမှုများကို ဦးဆောင်ပါဝင်ခဲ့သည်။
၂၀၀၄ ခုနှစ်ဒီပဲယင်းတစ်နှစ်ပြည့်အထိမ်းအမှတ် လူ့အခွင့်အရေးကြေညာစာတမ်းဖြန့်ဝေမှုကြောင့် သူအပါအဝင် NLD လူငယ် ၉ ဦး စစ်ထောက်လှမ်းရေးဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းကိုခံခဲ့ရသည်။
၂၀၀၅ ခုနှစ်သုံးနေရာ ဗုံးကွဲမှုကို မသက်ာ၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တွင် ၆ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည်။
၂၀၀၇ ခုနှစ်မေဒေးနေ့တွင် အမေရိကန်စင်တာ၌ကျင်းပသော အလုပ်သမားနေ့အခမ်းအနားတွင် အလုပ်သမားဥပဒေအကြောင်း ဟောပြောသည့်အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရသည်။ အင်းစိန်ထောင်၊ ကလေးထောင်တို့တွင် အကျဉ်းကျခဲ့ပြီး၊ ၂၀၁၂ခုနှစ်တွင် ကလေးထောင်မှလွတ်မြောက်လာခဲ့သည်။
၂၀၁၂ ခုနှစ်ထောင်မှလွတ်လာပြီးနောက် Action Labour RIghts အဖွဲ့ကိုဦးဆောင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ၂၀၁၃တွင်နုတ်ထွက်ခဲ့သည်။
၂၀၁၇ ခုနှစ်ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး (SDUF) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) တို့ကိုထူထောင်ခဲ့ပြီး တရားဝင်အားဖြင့် (SDUF) တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်တာဝန်ယူခဲ့သည်။
၂၀၁၉ ခုနှစ် /၂၀၂၀ ခုနှစ်ABFTU တွင်တာဝန်ယူရန်အတွက် SDUF မှနုတ်ထွက်ခဲ့ပြီး ABFTU ကိုဦးဆောင်ခဲ့သည်။

Also led and participated in many worker’s strikes including, but not limited to, the followings:

  • မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံရှိ Yangon Crown သံမဏိ သံရည်ကြို အလုပ်သမားစက်ရုံသပိတ် (၂၀၀၂)၊
  • တော်ဝင်သစ်အချောထည်အလုပ်သမားသပိတ် (၂၀၁၂)၊
  • ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားသပိတ် (၂၀၁၃)၊
  • ဖုယွင်အထည်ချုပ်အလုပ်သမားသပိတ် (၂၀၁၈) တို့အပါအဝင် ၂၀၁၂ မှ ၂၀၂၀ပြည့်နှစ်အထိ အလုပ်သမားသပိတ်များကို ဦးဆောင်ကူညီပေးခဲ့သည်။

လက်ရှိနိုင်ငံရေး ဆောင်ရွက်ချက်များ

  • စစ်အာဏာသိမ်းပြီးနောက် ၆၊ ၂၊ ၂၀၂၁ ရက်နေ့တွင်အလုပ်သမားများ၏ စစ်ကောင်စီအား ပထမဆုံးဆန့်ကျင်ဆန္ဒပြပွဲကိုကူညီဦးဆောင်ပေးခဲ့သည်။
  • ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) ကို ဦးဆောင်၍အခြားသော သပိတ်စစ်ကြောင်းများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းများထွက်ခဲ့သည်။
  • ABFTU ပါဝင်သော Labour Alliance မှတာဝန်ပေးချက်အရ General Strike Coordinating Body (GSCB ) တွင်ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သည်။
  • ၃၊၃၊၂၀၂၁ရက်နေ့ တာမွေကျောက်မြောင်းမီးပွိုင့်တွင်အဖြိုခွဲခံခဲ့ရသော GSC သပိတ်စစ်ကြောင်းဦးဆောင်သူများထဲတွင်ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ဝရမ်းထုတ်ခံခဲ့ရသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရတွင် တာဝန်ပေးအပ်ချိန်အထိ ရန်ကုန်မြို့အတွင်း လျှို့ဝှက်နေထိုင်ပြီး ပုံစံမျိုးစုံဖြင့် သပိတ်များပေါ်ပေါက်ရေး ဆောင်ရွက်နေခဲ့သည်။

နိုင်ငံရေးဆောင်ရွက်မှုများ

၂၀၀၂ ခုနှစ်

NLD ပါတီသို့စတင်ဝင်ရောက်ခဲ့သည်။

၂၀၀၃ ခုနှစ်

ဒီပဲယင်း လုပ်ကြံမှုကြောင့် NLD ရုံးများပိတ်ခံထားရချိန်တွင် 

  • ဒီပဲယင်းအဖြစ်မှန်ဖော်ထုတ်ပေးရေး၊
  • ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရေး၊
  • ရုံးခန်းများပြန်လည်ဖွင့်ပေးရေး တို့အတွက်လှုပ်ရှားမှုများကို ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၀၄ ခုနှစ်

ဒီပဲယင်းတစ်နှစ်ပြည့်အထိမ်းအမှတ် လူ့အခွင့်အရေးကြေညာစာတမ်းဖြန့်ဝေမှုကြောင့် သူအပါအဝင် NLD လူငယ် ၉ ဦး စစ်ထောက်လှမ်းရေးဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းကိုခံခဲ့ရသည်။

၂၀၀၅ ခုနှစ်

သုံးနေရာ ဗုံးကွဲမှုကို မသက်ာ၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တွင် ၆ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည်။

၂၀၀၇ ခုနှစ်

မေဒေးနေ့တွင် အမေရိကန်စင်တာ၌ကျင်းပသော အလုပ်သမားနေ့အခမ်းအနားတွင် အလုပ်သမားဥပဒေအကြောင်း ဟောပြောသည့်အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရသည်။ အင်းစိန်ထောင်၊ ကလေးထောင်တို့တွင် အကျဉ်းကျခဲ့ပြီး၊ ၂၀၁၂ခုနှစ်တွင် ကလေးထောင်မှလွတ်မြောက်လာခဲ့သည်။

၂၀၁၂ ခုနှစ်

ထောင်မှလွတ်လာပြီးနောက် Action Labour RIghts အဖွဲ့ကိုဦးဆောင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ၂၀၁၃တွင်နုတ်ထွက်ခဲ့သည်။

၂၀၁၇ ခုနှစ်

ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး (SDUF) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) တို့ကိုထူထောင်ခဲ့ပြီး တရားဝင်အားဖြင့် (SDUF) တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်တာဝန်ယူခဲ့သည်။

2019 – 20

ABFTU တွင်တာဝန်ယူရန်အတွက် SDUF မှနုတ်ထွက်ခဲ့ပြီး ABFTU ကိုဦးဆောင်ခဲ့သည်။

Also led and participated in many worker’s strikes including, but not limited to, the followings:

  • မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံရှိ Yangon Crown သံမဏိ သံရည်ကြို အလုပ်သမားစက်ရုံသပိတ် (၂၀၀၂)၊
  • တော်ဝင်သစ်အချောထည်အလုပ်သမားသပိတ် (၂၀၁၂)၊
  • ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားသပိတ် (၂၀၁၃)၊
  • ဖုယွင်အထည်ချုပ်အလုပ်သမားသပိတ် (၂၀၁၈) တို့အပါအဝင် ၂၀၁၂ မှ ၂၀၂၀ပြည့်နှစ်အထိ အလုပ်သမားသပိတ်များကို ဦးဆောင်ကူညီပေးခဲ့သည်။

Recent
လှုပ်ရှားမှုများ