“လူသေသာအရိုးဆွေးချင် ဆွေးသွားမယ်အမှုကဆွေးမသွားဘူး”
“အလုပ်ရှင်များအနေဖြင့် စစ်အာဏာရှင်စနစ်(ဖက်စစ်စနစ်) အောက်တွင် စစ်အာဏာရှင်နှင့်အတူ ရပ်တည်၍ အလုပ်သမားများကိုဖိနှိပ်ကာ စီးပွားရှာမည်လား (သို့) အလုပ်သမားများနှင့်အတူ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်၍ လွတ်လပ်သည့် လူ့ဘောင်အဖွဲ့အစည်းအတွင်း သန့်သန့် ရှင်းရှင်း စီးပွားရှာမည်လား”
“အလုပ်သမားများကိုမတရားဖိနှိပ်နေသည့် နိုင်ငံခြားသားလုပ်ငန်းရှင်ဖြစ်စေ၊ ပြည်တွင်းလုပ်ငန်းရှင် ဖြစ်စေ အရေးယူမှုအပိုင်းအနေဖြင့် တူညီနေမည်ဖြစ်သည်”
တော်လှန်ရေးကာလအတွင်း အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ အား Myanmar Labour News သတင်းဌာန မှ တွေ့ဆုံမေးမြန်းချက်ရာတွင် ဖြေကြားချက်များ
#MyanmarLabourNews