လေးကေ့ကော်ဒေသစစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ခြင်း

ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ အကြမ်းဖက် စစ်တပ်မှ ထိုးစစ်ဆင်၍ ပြည်သူများနေထိုင်သည့် နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများသို့ လက်နှက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ အဆိုပါဒေသရှိ ပြည်သူ ၁၅၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်ကော်ကင်း စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခိုလှုံနေကြရပါသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း၍ အဆိုပါ စစ်ဘေးရှောင် ပြည်သူ ၁၅၀၀ ကျော် ရှိသည့်အနက် ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀ စာအတွက် စောင်၊ ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် အခြား အရေးပေါ်လိုအပ်သည့် အသုံးအဆောင်များတို့ကို စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိစေရန် မြေပြင် အထိ ပေးပို့ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်လက်၍ ထပ်မံပေးပို့လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
Back To Top