မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး –
___________________________________________________________________________
မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့်တာဝန်ရှိသူများသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (မလေးရှားနိုင်ငံ)မှတာဝန်ရှိသူများနှင့် ၂၀-၁-၂၀၂၂ ရက်နေ့၊ ၁၉:၀၀ နာရီ တွင် Zoom Meeting အသုံးပြု၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီကို ၁.၁.၂၀၂၂ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ထိုသို့ဖွဲ့စည်းပြီးနောက် ကော်မတီမှ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများအရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့်ရှေ့လုပ်ငန်းစဉ်များ၊ မြန်မာရွှေ့ပြောင်းအလုပ် သမားများရင်ဆိုင်နေရသည့်အခက်ခဲများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမူန်းရေးနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။

Scroll to Top