News
-
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင် နောင်းလွန်တွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈) ဦး၏ လုပ်အားခများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင် နောင်းလွန်တွင်ရှိသော ဖိုးလက်မောင်းဆိုက်တွင် အလုပ်လုပ်နေ သော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈) ဦး၏ လုပ်အားခများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ – ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင် နောင်းလွန်တွင်ရှိသော ဖိုးလက်မောင်းဆိုက်တွင် အလုပ်လုပ်နေ သော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈) ဦး၏ လုပ်အားခများကို လုပ်ငန်းပိုင်ရှင်သူဌေးမှ မရှင်းပေးသဖြင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသောကြောင့် ကူညီဆောင်ရွက် ပေးပါရန် တင်ပြလာမှုအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန နှင့်အတူ (WAG) မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ (1.12.2023) ရက်နေ့တွင် ချွန်ပူလီခရိုင် ၊ဆာဝါဒီကန်ရုံးသို့ သွားရောက် တိုင်ကြားပေးခဲ့ပြီး (27.12.2023) ရက်နေ့တွင် လုပ်အားခများ ပြန်လည်ရရှိအောင် ဆောင်ရွက် ပေးခဲ့ပါသည်။
-
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ သတိထား ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ချက်
၁။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် MoU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် ပြည်လည်ဝင်ရောက် လုပ်ကိုင်ရန်သော်လည်းကောင်း၊ အခြား အကြောင်းများကြောင့်သော် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၊ သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုသည့်ရုံးများ၊ သက်ဆိုင်ရာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးများတွင် စစ်ကောင်စီ အနေဖြင့် အလုပ်သမားများ၏ အချက်အလက်များအား စိစစ်ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဝန်ကြီးဌာနများနှင့်သော်လည်းကောင်း၊ PDF တပ်ဖွဲ့ဝင်များနှင့်သော်လည်း ကောင်း ချိတ်ဆက်၍ ထောက်ပံ့လှူဒါန်းခြင်း ရှိ မရှိ၊ ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများတွင် ပါဝင်လှုပ်ရှားမှု ရှိ မရှိ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် တာဝန် ထမ်းဆောင်လျက်ရှိသော သံရုံးဝန်ထမ်းများနှင့် သော်လည်းကောင်း၊ အလုပ်သမား သံအရာရှိများနှင့်သော်လည်းကောင်း ပဋိပက္ခဖြစ်ပွားခဲ့မှု ရှိ မရှိ တို့ကိုစစ်ဆေးခြင်း၊ အလုပ်သမားများ၏ ဖုန်းထဲရှိ ဓာတ်ပုံမှတ်တမ်းများအား စစ်ဆေးခြင်းနှင့် အလုပ်သမားများ အသုံးပြုလျက်ရှိသည့် Facebook ကဲ့သို့သော Social media များအား စစ်ဆေးခြင်းများ ပြုလုပ်၍ ဖမ်းဆီးခြင်း၊ ငွေညစ်တောင်းခံခြင်းများ ရှိနေကြောင်း သိရှိရပါသည်။ ၂။ ထို့အပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိစေရေး ကြိုးပမ်းအားထုတ်မှုအပေါ် တားဆီးရန် ရည်ရွယ်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်တွင်သော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရာတွင်သော်လည်းကောင်း ယင်းရုံးများ၌ တာဝန် ထမ်းဆောင်နေသော…
-
နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နွေဦး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိသော ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားနေသည့် ထောက်ပို့အင်အားစုများမှ အဖွဲ့ဝင်များအား နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင် ကတ်များကို အောက်ပါရည်ရွယ်ချက်များနှင့် ထုတ်ပေးသွားမည်ဖြစ်သည်- – မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျရှိစေရန်နှင့် ပိုမိုကောင်းမွန်ထိရောက်သည့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်၊ – တော်လှန်ရေးဘဏ္ဍာရန်ပုံငွေ ရှာဖွေရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု ပိုမိုခိုင်မာအားကောင်းစေရန်၊ – အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေနှင့် CDM ထောက်ပံ့မှုအတွက် အထောက်အကူဖြစ်စေရန်၊ – နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိသည့် ဒီမိုကရေစီဘက် တော်သား တော်လှန်ရေးသူရဲကောင်းများအတွက် သမိုင်းမှတ်တမ်းအထောက်အ ထားတစ်ရပ်အဖြစ် ရရှိစေရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင် ရန်၊ – အစိုးရနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ – စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေရန်။ သို့ဖြစ်၍ ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ email: [email protected] ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြန်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ အလုပ်သမားဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
-
Threads Account အားစတင်ဖွင့်လှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Threads Account အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း Threads Account ကို အောက်ဖော်ပြပါ Link အားနှိပ်၍ Follow ပြုလုပ်ထားနိုင်ပါသည်။ https://threads.net/MoLNUGMyanmar
-
IUF ၏ ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ ILO တွင် NUG ကိုအသိအမှတ်ပြုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို
IUF ၏ (၅) နှစ် တကြိမ် ကျင်းပသည့် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့ပြီး ILO တွင် NUG ကို အသိအမှတ်ပြုရေး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၅ နှစ် တကြိမ် ကျင်းပပြုလုပ်သော The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ကမြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ကာကွယ်နိုင်ရန် အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ILO တွင် NUG ကို အသိအမှတ်ပြုရေးကို IUF အနေဖြင့် တတ်နိုင်သမျှ NUG နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း စသည့် အချက်များကို ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးရန်၊ စကစကို အသိအမှတ်မပြုရန်နှင့် စီးပွားရေးပိတ်ဆို့မှု များကို ထိရောက်စွာ ဆောင်ရွက်ရန်၊ စကစက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်…
-
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပသော ၂၈ ကြိမ်မြောက် IUF ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်တဲ့ The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၅ နှစ် တစ်ကြိမ်ကျင်းပသော ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်းအပြည့်အစုံမှာ (၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃-၁၆) မင်္ဂလာပါခင်ဗျာ… ၁။ IUF ရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကို တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက IUF အဖွဲ့ဝင်များ အားလုံးကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သပါတယ်။ ၂။ ကျွန်တော်ကတော့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူက ထောက်ခံ တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။ ၃။ IUF ရဲ့ ၅ နှစ် တကြိမ် ကျင်းပတဲ့ ညီလာခံမှာ စကားပြောခွင့် ရတဲ့အတွက် ဖိတ်ကြား ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နဲ့ အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂဝင်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ၄။ အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း…
-
မြန်မာကိုယ်စားလှယ်အဖွဲ့သည် U.S. Department of Labor နှင့် U.S. Department of State Office of International Labor Affairs တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍လုပ်ဆောင်နိုင်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
-
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ITUC မှတာဝန်ရှိသူများနှင့် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC) ၏ ကမ္ဘာလုံးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Owen Tudor၊ ITUC အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးShoya Yoshida တို့နှင့် ၁၃.၆.၂၀၂၃ ရက်နေ့ တွင် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အောက်ဖော်ပြပါအချက် (၃)ချက်ကိုဆွေးနွေးခဲ့ကြပါသည်။ (၁)မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ကျူးလွန်ေနေသည့် လွပ်လပ်စွာသင်းပင်းဖွဲ့စည်းမှု (Freedom of Association) နှင့် အဓမ္မစေခိုင်းမှုဆိုင်ရာ (Forced Labour) ချိုးဖောက်မှုများကို ILO ၏ Commission of inquiry မှ စုံစမ်းစစ်ဆေးနေမှုတွင် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များ (၂) ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများက NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်( ITUC ) နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေး (၃) ပိုမိုထိရောက်မှုရှိသော စီးပွါးရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေး အပါအဝင် အခြားအရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ သည်။ ထို့နောက်…
-
ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မေလ (၁)ရက်နေ့တွင် ကျရောက် သည့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၃း၀၀ နာရီအတွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်မြင့်ထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တို့က မေဒေးအမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့နွေဦးတော်လှန်ရေး၏ အစသူရဲကောင်းများဖြစ်သော နိုင်ငံ့ဝန်ထမ်း (CDM များ)နှင့် ပုဂ္ဂလိက ဝန်ထမ်း လုပ်သားများ၏ ပါဝင်လှုပ်ရှားမှုများ မှတ်တမ်းရုပ်သံကို ပြသခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Sue Longley၊ အလုပ်သမားထုနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA)…
-
ကမ္ဘာ့အလုပ်သမားနေ့ May Day ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာခြင်း
လာမည့် မေလ (၁) ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုပါသည်။ မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသော ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် မေဒေးလှုပ်ရှားမှု (Campaign) များနှင့် May Day အထိမ်းအမှတ်အခမ်းအနားကို Virtual စနစ် (Zoom Platform) ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတကြီးက ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာအလုပ်သမားများတပ်ပေါင်းစုမှ ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများက May Day အထိမ်းအမှတ် အမှာစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အခမ်းအနား ကျင်းပမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ PVTV၊ Radio NUG နှင့် အခြားမီဒီယာများမှ မေလ ၁ ရက်နေ့(တနင်္လာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁…









