နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နွေဦး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိသော ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားနေသည့် ထောက်ပို့အင်အားစုများမှ အဖွဲ့ဝင်များအား နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင် ကတ်များကို အောက်ပါရည်ရွယ်ချက်များနှင့် ထုတ်ပေးသွားမည်ဖြစ်သည်-

–         မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျရှိစေရန်နှင့် ပိုမိုကောင်းမွန်ထိရောက်သည့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်၊

–         တော်လှန်ရေးဘဏ္ဍာရန်ပုံငွေ ရှာဖွေရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု ပိုမိုခိုင်မာအားကောင်းစေရန်၊

–         အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေနှင့် CDM ထောက်ပံ့မှုအတွက် အထောက်အကူဖြစ်စေရန်၊

–         နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိသည့် ဒီမိုကရေစီဘက် တော်သား တော်လှန်ရေးသူရဲကောင်းများအတွက် သမိုင်းမှတ်တမ်းအထောက်အ ထားတစ်ရပ်အဖြစ် ရရှိစေရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင် ရန်၊

–         အစိုးရနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

–         စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေရန်။

သို့ဖြစ်၍ ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ email: [email protected] ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြန်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

 

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ