လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍လုပ်ဆောင်နိုင်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။