အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ
သတင်းမာတိကာ
– တိုင်ကြားရေးယန္တရားမှတဆင့်ပြည်တွင်း၊ ပြည်ပ အလုပ်သမားများအပြင် သင်္ဘောသားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများလည်းတိုင်ကြားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာ
– အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်း
– ကလေးသူငယ်များ၏ အပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင်နိုင်ငံတကာမှ အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရပြော
– နှစ်နဲ့ချီပြီးအိုတီကြေးမပေးတဲ့အပြင်အိုတီကြေးတောင်းတဲ့အလုပ်သမား ၅၀ ကျော် ကိုနှင်ထုတ်ခဲ့တဲ့စက်ရုံမှထုတ်လုပ်သည့်ဖူဂျီဆပ်ပြာအားပြည်သူများမသုံးစွဲရန်နှိုးဆော်ထား
– အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများပါဝင်သည်။
နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။
================
သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/10/OCTNews-Final.pdf
================