ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့

Ministry of Labour https://mol.nugmyanmar.org/my/news/release-was-coordinated-by-the-labours-representative/
ဇွန်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်
 
ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂျွန်းမြို့တွင် နေထိုင်‌လုပ်ကိုင်နေသော ဗီဇာမဲ့ မြန်မာနိုင်ငံသား (၃)ဦးသည် တရားမ၀င်နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အတွက် ကူညီပေးပါရန် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)မှတစ်ဆင့် မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာခြင်းကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းသည် ၉-၆-၂၀၂၂ ရက်နေ့တွင် ဒယ်ဂျွန်း လ၀ကသို့ သွားရောက်၍ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာ၀န်ခံအရာရှိနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။
 
လက်ရှိအချိန်တွင် ဗီဇာမဲ့မြန်မာနိုင်ငံသားများအား အတင်းအကြပ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပို့ခြင်းမပြုလုပ်ရေး၊ အထောက်ထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်/ ခုံလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသား သုံးဦး ပြန်လည် လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
 
ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အခက်အခဲ၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF) နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
 
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ