ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)နှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေ


အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)တို့ တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး-
ဇွန်လ ၁၉၊ ၂၀၂၂ ခုနှစ်

ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ များကို မြန်မာကိုယ်စားလှယ်ရုံးတွင် ခန့်အပ်တာဝန်ပေးအပ်ထားသော အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ်က ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အလုပ်သမား ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာဆုံးရှုံးမှုများနှင့် အခွင့်အရေး ချိုးဖောက်ခံရမှုများ တိုင်ကြားရေးယန္တရားတွင် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များ တိုင်ကြားနိုင်ရေး၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေးနှင့် Overseas Employment Registration Card-OERC ထုတ်ပေးရေး လုပ်ငန်းစဉ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၉-၆-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၃၀ နာရီတွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကိုယ်စားလှယ်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းက အကူအညီတောင်း ခံလာသည့် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ နွေဦးတော်လှန်ရေးတွင် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေး၊ OERC ကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များနှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများက ပြန်လည်အကြံပြုတင်ပြခဲ့ပြီး ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Scroll to Top