International Migrants Day (2022) အထိမ်းအမှတ်အဖြစ် ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

International Migrants Day (2022) အထိမ်းအမှတ်အဖြစ် ပညာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ သား၊ သမီးအတွက် လိုအပ် သည်များ ထောက်ပံ့လှူဒါန်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် International Migrants Day (2022) အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ပညာသင်ကြားလျက်ရှိသည့် သား၊ သမီးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို မြန်မာရွှေ့ပြောင်းကလေးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်းများသို့ သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

 

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Back To Top