ထိုင်းနိုင်ငံ၊ CHONBORI မြို့တွင် MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား လုပ်အားခများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့
၁။ ထိုင်းနိုင်ငံ၊ CHONBORI မြို့ရှိ Lakbam စက်ရုံနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းတို့၌ MOU စနစ်ဖြင့် လုပ်ကိုင်ရန် ၁၉.၁၂.၂၀၂၂ ရက်နေ့တွင် ရောက်ရှိခဲ့သည့် အလုပ်သမားများအား Lakbam စက်ရုံနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းတို့က ဆက်လက်အလုပ်လုပ်ကိုင်ခွင့် မပေးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) ရုံးတာဝန်ခံက သွားရောက်ကူညီဖြေရှင်းပေးခဲ့ရာ Lakbam စက်ရုံမှ အလုပ်သမား ၃၀ ဦးအား ထိုင်းနိုင်ငံသို့ရောက်ရှိပြီး နောက်အလုပ်သစ်သို့ ပြောင်းရွေ့သွားသည့်နေ့အထိ လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းနှင့်ညီမျှသော ၉၉,၆၀၀ ဘတ် အားလည်းကောင်း၊ Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား ၁၀ ဦးအတွက် ၂၆ ရက်စာ လုပ်အားခ ၈၃,၁၀၀ ဘတ်အားလည်းကောင်း ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug