“(၇၄)နှစ်မြောက်ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်”
သီးခြားလွတ်လပ်တဲ့ကရင်နီပြည်အဖြစ် ၁၈၇၅ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ သဘော တူညီရေး ပဋိဉာဉ် သတ်မှတ်ချက် အရ သတ်မှတ်ခံခဲ့ရပြီး သမိုင်းအစဥ်အလာ တလျောက်လုံး တပါးသူအား ကျူးကျော်ခြင်းမရှိဘဲ အေးချမ်းသာယာစွာနေထိုင်ခဲ့တဲ့ လူမျိုးစုတွေမှီတင်းရာပြည်နယ်တခုဖြစ်ပါတယ်။
သီးခြားလွတ်လပ်ခဲ့သော ကရင်နီပြည်ဟာ သမိုင်းစဉ်တလျှောက် သူတပါးကို မကျူးကျော်ခဲ့ဘဲ ခုခံစစ်သာဆင်နွှဲခဲ့ပြီး”ကရင်နီအုပ်ချုပ်ရေး အတိုင်း ကရင်နီ တွေ အုပ်ချုပ်ပါ၊ ဗမာတွေ ဝင်မစွက်ဘူး ” ဆိုတဲ့ဖဆပလ အစိုးရ အုပ်စုရဲ့ စကားကို ယုံကြည်ခဲ့မှုကြောင့် ၁၉၄၇ ပင်လုံစာချုပ်မှာ လက်မှတ် မထိုးခဲ့ပေမဲ့ ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့တယ်။
သို့ပေမယ့် ဖဆပလ အစိုးရ ဟာ ကရင်နီပြည်နယ်အပေါ်ထားရှိတဲ့ သဘောတူညီချက်တွေကို မျက်ကွယ်ပြုပြီး စတင် ကျုးကျော်တိုက်ခိုက်လာခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ဟာကရင်နီအမျိုးသားတရပ်လုံး မျှော်လင့်ခဲ့တဲ့ ဖက်ဒရယ်ပုံစံ မဟုတ်တော့ဘဲဗဟိုအစိုးရကတစ်ပြည်ထောင်ပုံစံနဲ့ ဗဟိုဦးစီး ချုပ်ကိုင်လာတွေအပြင် အပြင် ကရင်နီ ခေါင်းဆောင်တွေကိုပါ ဖမ်းဆီး ထိန်းသိမ်းဖို့ကြိုးပမ်းလာတဲ့ဗဟိုအစိုးရရဲ့လုပ်ရက်တွေကြောင့် ကရင်နီအမျိုးသားတစ်ရပ်လုံးဟာ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ(၉) ရက်နေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်အဆက်ဆက်ကို ရရာလက်နက် စွဲကိုင်ပြီး ကရင်နီပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာနဲ့တကွတရားမျှတလွတ်လပ်မှုတို့ ကို ပြန်လည်ရရှိဖို့ အတွက် တိုက်ပွဲဆင်နွဲ ခုခံတော်လှန် ခဲ့တာဟာဆိုရင် ကနေ့မှာ (၇၄)နှစ် တင်းတင်း ပြည့်မြောက်လာခဲ့ပါပြီ။
ကရင်နီပြည်သားတွေဟာခေတ်အဆက်ဆက်စစ်အာဏာရှင်အဆက်ဆက်လက်တွန့်သွားလောက်တဲ့အထိမိမိပြည်နယ်မိမိလူမျိုးများအတွက်ရွပ်ရွပ်ချွံချွံအသက်ပေးခုခံခဲ့ကြသလိုယခုနွေဦးတော်လှန်ရေးကာလမှာလဲပြည်ထောင်စုဖွားတိုင်းရင်းသားတရပ်လုံးနှင့်ရင်ဘောင်တန်းပြီးစစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေကြတဲ့အတွက်များစွာတန်ဖိုးထားလေးစားဂုဏ်ယူမိပါတယ်။
ယခုလိုပြည်ထောင်စုဖွားတိုင်းရင်းသားညီအကိုတွေနဲ့ထပ်တူထပ်မျှရင်ဘောင်တန်းပြီးသွေးစည်းညီညွတ်စိတ်ပြည့်ဖြင့်ခုခံတော်လှန်နေကြသည့်ကရင်နီ ပြည်သူပြည်သားများအားလုံး ယနေ့ (၇၄)နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့မှ များမကြာမီကာလအတွင်း တိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံးမျှော်မှန်းတမ်းတကြရတဲ့ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်ပါစေကြောင်းမိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှဆုတောင်းမေတ္တာပိုသရင်းလေးစားဂုဏ်ပြုအပ်ပါသည်။
#ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့