၁။ ပြည်သူ့အစိုးရအား လက်နက်အားကိုးဖြင့် ဖမ်းဆီးကာ တိုင်းပြည်အာဏာကို မတရားသိမ်း ယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအား တတ်နိုင်သည့်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ပြီး အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေကြ သည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဝန်ကြီးဌာနအနေဖြင့် အထူးဂုဏ်ယူ ကျေဇူး တင်ရှိပါသည်။
၂။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် နေရပ်သို့ပြန်လိုကြသည့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာရာတွင် မြဝတီမြို့ရှိ Quarantine Center များ၌ အောက်ဖော်ပြပါအတိုင်း စစ်ဆေး မှု မျာပြုလုပ်၍ ဖမ်းဆီးမှုများရှိနေပါသည် –
(က) ပြည်တော်ပြန် မြန်မာအလုပ်သမားများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေး၍ တော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်နှင့် မှတ်တမ်းဓာတ်ပုံ များတွေ့ရှိကဖမ်းဆီးခြင်း၊
(ခ) Quarantine Center အတွင်း၌ အကြမ်းဖက်စစ်ကောင်စီမှ တာဝန်ပေးထားသူ များက ယူနီဖောင်းဖြင့်ဖြစ်စေ၊ အရပ်ဝတ်များဖြင့် Volunteer အသွင်ယူ၍ဖြစ်စေ “တောထဲတွင် အဆင်ပြေလားဟု” မေးမြန်းရာ အလုပ်သမားများက နားလည်မှု လွဲ၍ “ပြေပါသည်ဟု” ပြောဆိုခဲ့သည့်အတွက် ဖမ်းဆီးခံရမှုများ ရှိနေခြင်း၊
(ဂ) စစ်အာဏာသိမ်းထားသဖြင့် စစ်ကောင်စီအားတော်လှန်ရန် PDF ထဲသို့ ဝင်ရောက် ချင်ပါသလား ဝင်ချင်လျှင် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဟု အယောင်ဆောင် စည်းရုံးသိမ်းသွင်းရာတွင် အလုပ်သမားများက ဝင်ချင်ပါသည်ဟု (မိမိတို့၏ခံယူချက် အမှန်အတိုင်း) ပြန်လည်ဖြေကြားမှုများကြောင့် ဖမ်းဆီးခံရမှုများ ရှိနေခြင်း၊
၃။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် မြန်မာအလုပ်သမား များ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီးခံရမှုများမှ ပါးနပ်စွာရှောင်ရှားနိုင်ရေး အထက်ပါအခြေအနေများကိုကြိုတင်သိရှိနိုင်ရန် အသိပေး ကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွှတ်ရေးအစိုးရ