အလုပ်သမားဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

Ministry of Labour https://mol.nugmyanmar.org/my/activities/molnug-meet-with-la-malaysia-discuss-labour-issues/
အလုပ်သမားဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများ ကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေး၊ မြန်မာရွှေ့ပြောင်း အလုပ် သမားရေးရာကော်မတီ တစ်ရပ်ဖွဲ့စည်းနိုင် ရေးတို့နှင့် စပ်လျဉ်း၍ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီတို့သည် မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် ၁၀-၁၂-၂၀၂၁ ရက်နေ့၊ ၁၉:၀၀ နာရီ တွင် Zoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့ နေရသည့် အခက်အခဲ များကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းပေးနိုင်ရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်‌ရေးနှင့် ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် မလေးရှားနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများနှင့်လုပ်သားများက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
Back To Top