ဝန်ကြီးဌာနအကြောင်း

အမျိုးသားညီညွတ်ရေးစိုးရ၏ အန္တိမရည်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန်ဖြစ်သည်။ မိမိတို့ အလုပ်သမားဝန်ကြီးဌာနသည်လည်း ဤရည်ရွယ်ချက်များအောင်မြင်ပြီးစီးရန် မိမိတို့ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့် လုပ်နိုင်စွမ်းရည်များကို အသုံးချ၍ စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အလုပ်သမားဝန်ကြီးဌာနသည် ယခင်အရပ်သားအစိုးရလက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အဖြစ်တည်ရှိခဲ့သော ဝန်ကြီးဌာနဖြစ်သည်။ ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းပြီး အလုပ်သမားဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခုနွေဦးတော်လှန်‌ရေးတွင် အနစ်နာခံ တိုက်ပွဲဝင်ကြသူများထဲတွင် အလုပ်သမားများလည်း အပါအဝင်ဖြစ်သည်။ အဆိုပါ တော်လှန်သောအလုပ်သမားများ၏ ‌ရေတို ရေရှည် အကျိုးစီးပွားများကို ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ ဝန်ကြီးဌာနက သန္နိဌာန် ချမှတ်ထားပါသည်။

အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒ နှင့် လုပ်ငန်းစဥ်

အလုပ်သမားဝန်ကြီးဌာန၏ ဌာနဖွဲ့စည်းပုံ

Ministry of Labour https://mol.nugmyanmar.org/my/about-ministry/