အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံ

Ministry of Labour https://mol.nugmyanmar.org/activities/mol-dm-kyaw-ni-meet-christianleaders-in-uk-australia/
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံ
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် ၃-၁၂-၂၀၂၁ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် ပြည်တွင်း/ပြည်ပ ရှိ အလုပ်သမားများအား လူမှုကူညီ စောင့်ရှောက်မှုများပေးနိုင်ရေးနှင့်စပ်လျဉ်း၍ အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့် Denise Nichols, Anglicare Network and Peace Building Institute ၊ Dr. Ashley Barker, CEO of Seedbeds ၊ Philip Huggins President of National Council of Churches တို့နှင့် Zoom Meeting အသုံးပြု၍ တွေ့ဆုံဆွေးနွေးခဲ့ရာ တွေဆုံပွဲ၌ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းရေး၊ COVID-19 နှင့် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်များကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ပြည်တွင်းအလုပ်သမားများအတွက် ကိုယ်ပိုင်လုပ်ငန်းငယ်နှင့် အလုပ်အကိုင် သစ်များ ဖန်တီးဖော်ဆောင်နိုင်ရန် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ပို့ချပေးရေး၊ လူမှုစီးပွားထိခိုက် ခံစားနေရသည့် အလုပ်သမားများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရေး၊ ပြည်တွင်း/ပြည်ပရှိ လုပ်သားထုအတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနှင့် အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။