အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

MoL with MMWC(Thai)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်းအလုပ် သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၁-၁၁-၂၀၂၁ တနင်္ဂနွေနေ့ ညနေပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွှတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ(ထိုင်းနိုင်ငံ) မှတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။


အစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရမှ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များနှင့်စပ်လျဉ်း၍ ထိရောက်စွာ ကူညီစောင်ရွက် ပေးနိုင်ရန် ထိုင်းနိုင်ငံအစိုးရမှ အမျိုးသားညီညွှတ်ရေးအစိုးရကို အသိ အမှတ်ပြု လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံရှိ နိုင်ငံကူးလက်မှတ်နှင့် CI သက်တမ်းကုန်ဆုံးတော့မည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်‌ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။