ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ တွေ့ဆုံဆွေးနွေး——-
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့
____________________________
အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (LA) တို့တွေ့ဆုံသည့် အခမ်းအနားကို ယနေ့ ၂-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့် တွေဆုံခဲ့ရာ ဆွေးနွေးပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီးဦးကျော်နီနှင့် တာဝန်ရှိသူများ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ အလုပ်သမားထုနှင့် CDM ဝန်ထမ်းများကို အကူအညီနှင့် အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အမြစ်ဖြတ် ဖယ်ရှားနိုင်ရေးကိစ္စရပ်များ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။