မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) နှင့်တွေ့ဆုံ၍အလုပ်သမားရေးရာကိစ္စရပ် များဆွေးနွေး

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)နှင့်တွေ့ဆုံ၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ် များဆွေးနွေး –
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် လိုအပ်သည့်အကူအညီများ ကူညီစောင့် ရှောက်ပေးနိုင်ရေးတို့အတွက် အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရေးရာကော်မတီ(ထိုင်းနိုင်ငံ)တို့ တွေ့ဆုံသည့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၃၀-၁-၂၀၂၂ ရက် နေ့တွင် Zoom Meeting အသုံးပြု၍တွေ့ဆုံခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား ရေးရာကော်မတီ(ထိုင်းနိုင်ငံ) မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ဝန်ကြီး ဦးကျော်နီမှ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရေးရာကော်မတီ(ထိုင်းနိုင်ငံ)မှ ကော်မတီအဖွဲ့ဝင်များမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လက်ရှိကြုံတွေနေရသည့် အခက်အခဲများ၊ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေအနေများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လက်ရှိ CI စာအုပ် ပြုလုပ်ရာတွင် ကြုံတွေနေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ပါသည်။