မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှစီစဉ်ဆောင်ရွက်ပေးသည့်ရန်ပုံငွေပွဲအခမ်းအနား

Ministry of Labour https://mol.nugmyanmar.org/news/fundraising_pg_korea/

 

မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှ အလုပ်သမားဝန်ကြီးဌာနအတွက် စီစဉ်ဆောင်ရွက်ပေးသည့်ရန်ပုံငွေပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဧည့်သည်တော်များအဖြစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဦးမင်းကိုနိုင် တို့မှအဖွင့်မိတ်ဆက်စကားပြောကြားမည်ဖြစ်ပြီး အနုပညာရှင်များမှ ဖျော်ဖြေခြင်း၊ အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်ပေါင်းများစွာဖြင့်ကျင်းပသွား မည်ဖြစ်သည့်အပြင် ရန်ပုံငွေလက်မှတ်ဝယ်ယူသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ အထူးဂုဏ်ပြုမှတ်တမ်းလွှာနှင့် အနုပညာရှင်များ၏လက်ဆောင်ပစ္စည်း များကိုပြန်လည်မဲဖောက်ပေးသွားမည်ဖြစ်ပါသည်။