အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး-

Ministry of Labour https://mol.nugmyanmar.org/news/the-ministry-of-labour-and-the-thai-parliament-the-labour-committee-met-to-discuss-myanmar-migrant-labour-issues/

 

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာ များကို ကူညီဖြေရှင်းဆောင်ရွက်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် နှစ်ဖက်ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းကို ၇-၁၂-၂၀၂၂ ရက်နေ့တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဌာနတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လွှတ်တော် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် လွှတ်တော်အလုပ်သမားရေးရာ အတိုင်ပင်ခံ တို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို လည်းကောင်း၊ လွှတ်တော်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

 

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ