အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၁၄ /၂၀၂၂၊ စက်တင်ဘာလ၊ (၂၅) ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန

ကြေညာချက်အမှတ် (၁၄/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၂၅ ရက်
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့)

အမည်ပျက်စာရင်း ကြေညာခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မ ဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်း ရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအားဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းစသည့် အမျိုးမျိုးသောဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းမှ အောက်ဖေါ်ပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ် (Dismiss) လိုက်သည်-

စဉ် အမည် ရာထူး တာဝန်ထမ်းဆောင်သည့် ရုံး/ဌာန
ဦးခုပ်ခန့်မော် ဦးဆောင်ညွှန်ကြားရေးမှူးချုပ် မြန်မာအမျိုးသားလေကြောင်း
ဦးနိုင်စောလွင် မန်နေဂျာ စီးပွားရေးဌာန
ဦးနေမျိုးတင် ပျံသန်းရေးမှူးချုပ် ပျံသန်းရေးဌာန
ဦးဇော်မင်းအောင် ညွှန်ကြားရေးမှူး ပျံသန်းရေးဌာန
ဦးလှဌေးအောင် မန်နေဂျာ အထောက်အကူပြုဝန်ဆောင်မှုဌာန
ဦးကျော်ဇေယျ မန်နေဂျာ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းဌာန
ဦးသန့်ဇင်လှိုင် မန်နေဂျာ အုပ်ချုပ်ရေး
ဦးသက်နိုင်ထွန်း မန်နေဂျာ လေယာဉ်မောင်ချုပ်
ဒေါ်ချိုချိုဝင်းနွယ် ကြီးကြပ်ရေးမှူး ပျံသန်းရေးဌာန
၁၀ ဦးခင်မောင်လွင် မန်နေဂျာ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းဌာန
၁၁ ဦးဖုန်းမြင့် မန်နေဂျာ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းဌာန

 

(ပုံ) နိုင်သုဝဏ္ဏ

ပြည်ထောင်စုဝန်ကြီး

စာအမှတ်။ ၁၃/၁-မမ(စီမံ)/၂၀၂၂(၁၃၈)

ရက်စွဲ။ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၂၅ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

ဝန်ကြီးချုပ်ရုံး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

မိတ္တူကို

ရုံးလက်ခံ

မျှောစာတွဲ

 

Scroll to Top