နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၇ ထွက်ရှိ

အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၇ ထွက်ရှိ

သတင်းမာတိကာ

– အလုပ်သမားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာချက်ထုတ်ပြန်ထား

– NUG အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံလွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

– အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် NUG အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့

– မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ဝန်ထမ်း ၁၁ ဦး အား NUG အလုပ်သမားဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်းကြေညာ

– NUG အလုပ်သမားဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရှိမြန်မာအမျိုးသမီးအား သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ

– အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများပါဝင်သည်။

နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။

================

သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/12/Dec_BLT.pdf

================