မှတ်တမ်းတင်ဂုဏ်ပြုလွှာ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ()ရက်နေ့ မှ () ရက်နေ့အထိ စပိန်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအဖွဲ့ချုပ် (BWI) ညီလာခံသို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(BWFM) ၏ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့သည့် BWFM ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်ဖြိုးစန္ဒာစိုး (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၏ လက်ထောက်အထွေထွေ အတွင်း ရေးမှူးလည်းဖြစ်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး နှင့် ဒီမိုကရေစီရေးတွင် CTUM / BWFM ကိုယ်စားပြု၍ မြန်မာအလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်ရေးအင်အားစု (General Strike Coordination Body- GSCB) တို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသူ) အား “ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေး တို့အတွက် ခိုင်မြဲသည့်ဆုံးဖြတ်ချက်ဖြင့် မိမိတို့၏ ကိုယ်ပိုင်ဘဝကို စတေး၍ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူများကို ပေးအပ်သည့် BWI Rights for All Award 2022 ” ဆုပေးအပ်ချီးမြှင့်ခံရမှု၊ အဆိုပါညီလာခံ၌ BWI ၏ ကမ္ဘာလုံးဆိုင်ရာ အမှုဆောင်ကောင်စီတွင် ဒုဥက္ကဌတစ်ဦးအဖြစ် ရွေးကောက်တင်မြောက်ခံရမှုနှင့် ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် အထိ ILO ၏ အုပ်ချုပ်ရေး အဖွဲ့ (Governing Body) တွင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရမှုတို့အတွက် မြန်မာနိုင်ငံအလုပ်သမားထုကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Appreciation Certificate_LA
Scroll to Top