ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကား​မှောက်​သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကား​မှောက်​သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

၁။ ၂၈.၈.၂၀၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်သဖြင့် အလုပ်သမား (၃) ဦး သေဆုံးခဲ့သည့် ကိစ္စနှင့် စပ်လျဥ်း၍ အာမခံ အကျိုးခံစားခွင့်များ အပြည့်အဝရရှိရန်အတွက်ကူညီဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့သို့ တာဝန်ပေးအပ်ခဲ့ရာ သေဆုံးသူတစ်ဦးလျှင် အာမခံ နစ်နာကြေးငွေ ဘတ် ၅၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၁၅၀၀၀၀၀ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရစ်သူ မိသားစုများထံသို့ ၁၇.၁၀.၂၀၂၂ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။

၂။ စစ်အာဏာရှင်၏နှိပ်စက်မှုအကျိုးဆက်ကြောင့် ပြည်တွင်း၌ အခက်အခဲမျိုးစုံရင်ဆိုင်နေရသော ပြည်သူများသည် အမျိုးမျိုးသော တရားမဝင်လမ်းကြောင်းများဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်လျက်ရှိပြီး အန္တရာယ် မျိုးစုံဖြင့် ကြုံတွေ့နေရပါသည်။ ကားတိမ်းမှောက် သေဆုံးခဲ့သည့် အလုပ်သမား ၃ ဦးအတွက် အာမခံ အကျိုးခံစားခွင့်များအပြည့်အဝရရှိအောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ထိုင်းနိုင်ငံအစိုးရဌာနများနှင့် ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

Back To Top