
၂၅၊ ၃၊ ၂၀၂၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၏ဆောင်ရွက်ချက်များအား ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်နီတက်ရောက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားကွန်ဖရင့်များနှင့် အစည်းအဝေးများတွင် စစ်ကောင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရှိစေရေးဆောင်ရွက်နေမှု၊ အလုပ်သမားများနှင့် CDM ပြည်သူ့သူရဲကောင်းဝန်ထမ်းများအတွက် ကြားကာလ လူမှုဖူလုံရေး အစီအစဉ်ရေးဆွဲ၍ နိုင်ငံတကာမှ အကူအညီများ ရရှိနိုင်ရေးဆောင်ရွက်နေမှု၊ အလုပ်သမားများ၏ နစ်နာမှုများကို စစ်တမ်းကောက်ယူနိုင်ရေးဆောင်ရွက်နေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်နေမှု၊ ပြည်ပအလုပ်သမားများ၏အရေးကိစ္စများ ဆောင်ရွက်ရန် မြန်မာပြည်ပရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီများဖွဲ့စည်းထားမှု စသည့်ဝန်ကြီးဌာနမှဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
