(၇၂)နှစ်မြောက်ကရင်အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်

“(၇၂)နှစ်မြောက်ကရင်အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်”

သြဂုတ်လ ၊ ၁၂ ရက်

ယနေ့ကျရောက်သည့်၇၂နှစ်မြောက်ကရင့်အာဇာနည်နေ့သည့်ကရင်တိုင်းရင်းသားတို့၏လွတ်လပ်ခွင့်၊တန်းတူညှီမျှခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက်ဖိနှိပ်သူအပေါင်းကိုတော်လှန်လှန်ရင်းကျဆုံးသွားခဲ့ရသည့်သောဘဦးကြီးနှင့်တကွကရင့်အာဇာနည်အပေါင်းကိုအောက်မေ့ဂုဏ်ပြုသောအားဖြင့်သတ်မှတ်ထားသည့်ကရင့်အာဇာနည်နေ့ဖြစ်သည်။

ကရင်တိုင်းရင်းသားများသည်ရှေးယခင်ကပင်ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးခြင်းညီကိုများနှင့်အတူတကွအင်္ဂလိပ်ကိုလိုနီ၊ဖက်ဆစ်ဂျပန်များကိုတွန်းလှန်တိုက်ခိုက်ယုံသာမကမြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ်ပေါက်လာသည့်စစ်အာဏာရှင်အဆက်ဆက်ကိုလည်းအနိုင်မခံအရှူံးမပေးစိတ်ဓါတ်ဖြင့်မိမိတို့ကရင်တိုင်းရင်းသားများအပါအဝင်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအာဏာရှင်စနစ်ဆိုးလက်အောက်မှလွတ်မြောက်အောင်ရွပ်ရွပ်ချွံချွံခုခံတော်လှန်တိုက်ခိုက်ခဲ့ကြပြီးယနေ့အချိန်အထိလည်းဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပေါ်ပေါက်လာသည့်အကြမ်းဖက်စစ်အုပ်စုရဲ့အာဏာသိမ်းမှု့အတွင်းယခုပြည်သူလူထုတရပ်လုံးတခဲနက်ပါဝင်နေကြသည့်နွေဦးတော်လှန်ရေးကာလခုခံကာကွယ်ရေးတိုက်ပွဲများတွင်းလည်းပြည်တွင်း၊ပြည်ပရှိကရင်လူမျိုးများအနေဖြင့်တိုင်းရင်းသားညီအကိုများလက်တွဲမဖြုတ်တမ်းပါဝင်တိုက်ပွဲဝင်နေမှု့များအတွက်လည်းပြည်သူလူထုကိုယ်စားဂုဏ်ပြုလေးစားအပ်ပါသည်။

ယနေ့အချိန်အထိစစ်အုပ်စု၏ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကိုထူးချွန်ပြောင်မြောက်စွာကာကွယ်ခုခံနိုင်နေသည်မှာတိုင်းရင်းသားညီအကိုများ၏စစ်အာဏာရှင်စနစ်ဆိုးပြတ်မှသာလျှင်တန်းတူညီမျှပြီးကိုယ်ပိုင်ပြဌာန်းခွင့်၊လွတ်လပ်သောဖဒရာယ်နိုင်ငံတော်သစ်ကြီးကိုရမည်ဟူသောမြဲမြံ ခိုင်မာသောစိတ်ဓါတ်ကြောင့်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက်ကရင့်အာဇာနည်နေ့တွင်ဖိနှိပ်သူအာဏာရှင်အဆက်ဆက်အားခုခံတော်လှန်ရင်းကျဆုံးသွားခဲ့ရရှာသောကရင်အာဇာနည်များအပါအဝင်တိုင်းရင်းသားလူမျိုးစုအသီးသီးမှအာဇာနည်အပေါင်းအားပြည်သူလူထုနဲ့ထပ်တူထပ်မျှလေးစားဂုဏ်ယူစွာဖြင့်ဦးညွှတ်အလေးပြုအပ်ပါကြောင်း အထူးပင်အလေးအနက်ထားပြောကြားအပ်ပါသည်။

ခေတ်အဆက်ဆက်စစ်အာဏာရှင်များနှင့်ဖိနှိပ်သူများကိုတွန်းလှန်ရင်းကျဆုံးသွားသည့်အာဇာနည်များ၏ရည်မှန်းချက်ဖြစ်သည့်အာဏာရှင်စနစ် အပြီးတိုင်ပပျောက်စေရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူယှဉ်တွဲ နေထိုင်နိုင်မည့် တရားမျှတပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက် ရေး တို့အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေ ဖြင့် တိုင်းရင်းသားပြည်သူများနှင့်တကွမြဲမြံခိုင်မာသည့်စိတ်ဓါတ်ဖြင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းကတိသစ္စာပြုပါသည်။

အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)

Scroll to Top