ထိုင်းနိုင်ငံ ပါရှန်ပူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမား ၃ ဦး လုပ်ခလစာမရရှိသည့် အတွက် ဖြေရှင်းဆောင်ရွက်ပေး

ထိုင်းနိုင်ငံ ပါရှန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမား မရွှေဇင်လင်း ပါ (၃) ဦးသည် လုပ်ခလစာများမရရှိခြင်း၊ တရားဝင်အလုပ်ပိတ်ရက်များ ခံစားခွင့်မရရှိခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုရှိခြင်း စသည်အချက်များအား ၃.၅.၂၀၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ သို့ တိုင်ကြားလာပါသည်။

၄.၅.၂၀၂၂ ရက်နေ့တွင် အလုပ်သမား မရွှေဇင်လင်းပါ (၃) ဦးအား
ပါရှန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး အလုပ်သမား နစ်နာမှုများနှင့် လုပ်ခလစာ အကျိုးခံစားခွင့် စုစုပေါင်း ၇၂၅၀၀ ဘတ် အား ရရှိနိုင်ရေး တိုင်ကြားခဲ့ပြီး အလုပ်သမားများအား လုံခြုံစိတ်ချသည့် အခြားလုပ်ငန်းခွင်သို့ ရွှေ့​ပြောင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမား၏ အခွင့်အရေးများရရှိအောင် ပူပေါင်းဆောင်ရွက်ပေးသည့် ထိုင်းနိုင်ငံ အလုပ်သမားဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသည့် ကိုရဲမင်း ဦးဆောင်သော (AAC) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါသည်။