ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန်နှိုးဆော်ခြင်း

လာမည့် မေလ (၁)ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်အလေးပြုပါသည်။

Ministry of Labour https://mol.nugmyanmar.org/news/calling-for-participation-in-the-international-labor-day-may-day-movementcalling-for-participation-in-the-international-labour-day-may-day-movement/

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာလုယူပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအား နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖိနှိပ်လျက်ရှိသည်။ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများလည်း အဆိုးရွားဆုံး ပျက်စီးပျောက်ဆုံးလျက်ရှိသည်။

အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း ရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် နွေဦးတော်လှန်ရေးနှင့် အလုပ်သမား အခွင့်အရေးတိုက်ပွဲ အရှိန်မြှင့်တင်ခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားသမဂ္ဂများ၊ မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (2023 May Day) တွင် မြန်မာအလုပ်သမားထု၏ ကြွေးကြော်သံပါ တီရှပ်အင်္ကျီများ ဝတ်ဆင်၍ May Day လှုပ်ရှားမှု (Campaign) တွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမား များ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုး ဆော်အပ်ပါ သည်။

“လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ”
“United Voice of Workers, Fight for Federal Future”

#UnitedVoiceofWorkersFightforFederalFuture
#MayDayinMyanmar2023