ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦးအတွက် ထိုက်သင့်သောခံစားခွင့်များ ရရှိစေရန်ကူညီဆောင်ရွက်ပေးလျက်ရှိ
၁။ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာအလုပ်သမား (၆၃) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ကြောင်း အကူညီတောင်းခံလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့ သို့ ကူညီဖြေရှင်းပေးရန် တာဝန်ပေးအပ်ရာ ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်းသော်လည်း အဆင်မပြေသဖြင့် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ဖြစ်သည့် ကြိုတင်အကြောင်းမကြားသည့် နစ်နာကြေးနှင့် လုပ်သက်အလိုက် နစ်နာကြေးးများရရှိစေရန် အလုပ်ရှင်အား ချွန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug