မေလနှင့်ဇွန်လလုပ်သားအခွင့်အရေးလှုပ်ရှားမှု(၄၈)နှစ်ပြည့် ပြည်ထောင်စုဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြား

၁၉၇၄ မေလ နှင့်ဇွန်လ လုပ်သားအခွင့်အရေးလှုပ်ရှားမှု(၄၈)နှစ်ပြည့်မှာစစ်အာဏာရှင်ကိုအံတုတိုက်ပွဲဝင်ခဲ့ကြတဲ့ လုပ်သားရဲဘော်များအတွက်အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြား

ဇွန် ၊ ၆ ရက်

(အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏ)

“မေလနှင့်ဇွန်လလုပ်သားလှုပ်ရှားမှုမှာလုပ်သားထုကလုပ်သားအခွင့်အရေးသာတောင်းဆိုခဲ့ကြပေမယ့်စစ်အာဏာရှင်တွေကတော့ကျည်ဆံပဲပေးခဲ့ကြတာဖြစ်ပါတယ်လုပ်သားတွေရဲ့အခွင့်အရေးလုပ်ငန်းခွင်လုံခြုံရေးတွေကစစ်အာဏာရှင်တွေရဲ့လက်အောက် မှာရဖို့မလွယ်လှပါဘူး ဒါကြောင့်ယခုအခါဒီမိုကရေစီ၊လူ့အခွင့်အရေး၊ဖက်ဒရယ်အရေးတို့အတွက်စစ်အာဏာရှင်တို့ကိုသွားလာတိုက်ခိုက်နေတဲ့တော်လှန်ရေးသမားများနဲ့ပူးပေါင်းပြီးစီးပွားရေး၊အခွင့်အရေးတိုက်ပွဲတွေကနေနိုင်ငံရေးတိုက်ပွဲတွေအထိဆင်နွဲကြဖို့သမိုင်းကတောင်းဆိုလာပြီဖြစ်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏ၏ ၁၉၇၄ ခုနှစ် လုပ်သားအခွင့်အရေးလှုပ်ရှားမှု ၄၈နှစ်ပြည့် အမှတ်တရဂုဏ်ပြုစကားမှကောက်နုတ်ချက်

Back To Top