ထိုင်းနိုင်ငံ၊ Diamond Food စက်ရုံသို့ MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

Ministry of Labour https://mol.nugmyanmar.org/news/help-the-workers-who-came-to-diamond-food-factory-to-work-under-the-mou-system-to-get-back-to-work/

၁။ နန်းထိုက်နန်း ကုမ္ပဏီမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ Diamond Food စက်ရုံသို့ စေလွှတ်ခဲ့သည့် အလုပ်သမား ၂၁ ဦးကို အလုပ်လုပ်ခွင့်မပေးပဲ အဆောင်တစ်ခုတွင် တစ်လကြာ ထားထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်ကြားလာရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) တာဝန်ခံမှ အလုပ်သမား ၂၁ ယောက်ကို ဆဝါဒီကန်ရုံးသို့ခေါ်ဆောင်ပြီး အလုပ်ရှင်နှင့်ညှိနှိုင်းပေးခဲ့ရာ အလုပ်ရှင်မှ ယင်းအလုပ်သမား ၂၁ ဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ဦးလျှင် ဘတ် ၂,၀၀၀ နှုန်းဖြင့် အလုပ်ပြန်ဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug