News

  • အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၁/၂၀၂၂ ၊ ဇန်နဝါရီလ၊ (၂၃)ရက်

    အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၁/၂၀၂၂ ၊ ဇန်နဝါရီလ၊ (၂၃)ရက်

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ပိုမိုခက်ခဲကျပ်တည်းအောင် ‌ခေါင်းပုံဖြတ်ခွင့် ဖန်တီးပေးနေသည့် အကြမ်း ဖက်စစ်အုပ်စု ၏ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးထုတ်ပေးခြင်း လုပ်ငန်းစဉ်နှင့်ယင်းလုပ်ငန်းစဉ် အကောင်အထည်ဖေါ်မှုတွင် ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် အေဂျင်စီတို့အား အလုပ်သမားဝန်ကြီးဌာန မှ ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာချက်

    Read more…

  • မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး – ___________________________________________________________________________ မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့်တာဝန်ရှိသူများသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (မလေးရှားနိုင်ငံ)မှတာဝန်ရှိသူများနှင့် ၂၀-၁-၂၀၂၂ ရက်နေ့၊ ၁၉:၀၀ နာရီ တွင် Zoom Meeting အသုံးပြု၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီကို ၁.၁.၂၀၂၂ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ထိုသို့ဖွဲ့စည်းပြီးနောက် ကော်မတီမှ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများအရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့်ရှေ့လုပ်ငန်းစဉ်များ၊ မြန်မာရွှေ့ပြောင်းအလုပ် သမားများရင်ဆိုင်နေရသည့်အခက်ခဲများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမူန်းရေးနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။

    Read more…

  • စစ်ဘေးရှောင်ပြည်သူများအတွက်အစားအသောက်နှင့် အဝတ်အထည်တို့အားထပ်မံ ပေးပို့လှူဒါန်းနိုင်ရေးကြိုးစားဆောင်ရွက်

    စစ်ဘေးရှောင်ပြည်သူများအတွက်အစားအသောက်နှင့် အဝတ်အထည်တို့အားထပ်မံ ပေးပို့လှူဒါန်းနိုင်ရေးကြိုးစားဆောင်ရွက်

      ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း နှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့ကို့ကင်း (နွားခြံ)စစ်ဘေးရှောင် စခန်းသို့ရောက်ရှိ ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ (AAC) မဟာမိတ်အဖွဲ့ တို့ပူးပေါင်း၍ စစ်ရှောင်ပြည်သူများလိုအပ်လျက်ရှိသည့် အစားအသောက်နှင့် အဝတ် အထည်တို့အား စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိစေရန် မြေပြင်အထိပေးပို့ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်လက်၍ ထပ်မံ ပေးပို့လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

    Read more…

  • ကျန်ရှိနေသည့်စစ်ဘေးရှောင် ပြည်သူများအတွက်ထပ်မံပေးပို့လှူဒါန်းနိုင်ရေးဆောင်ရွက်

    ကျန်ရှိနေသည့်စစ်ဘေးရှောင် ပြည်သူများအတွက်ထပ်မံပေးပို့လှူဒါန်းနိုင်ရေးဆောင်ရွက်

    ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့(ထိုင်းနိုင်ငံ)တို့ပူးပေါင်း၍ ကလေးဝတ်အနွေးထည် ဝမ်းဆက် နှင့် လူကြီး ဝတ်အနွေးထည် ဝမ်းဆက် များအား စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိ စေရန် မြေပြင်အထိ ပေးပို့ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်လက်၍ ထပ်မံပေးပို့လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

    Read more…

  • Merry Christmas 2021

    Merry Christmas 2021

    Merry Christmas ငြိမ်းချမ်းသော ခရစ်စမတ်ပွဲတော်အတွက် တော်လှန်သော ခရစ်စမတ်ကို ဖြတ်သန်းကြရမယ်.. အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ဒုတိယဝန်ကြီး ဦးကျော်နီ

    Read more…

  • Myanmar Labour News သတင်းဌာန မှတွေ့ဆုံမေးမြန်းချက်

    Myanmar Labour News သတင်းဌာန မှတွေ့ဆုံမေးမြန်းချက်

      “လူသေသာအရိုးဆွေးချင် ဆွေးသွားမယ်အမှုကဆွေးမသွားဘူး” “အလုပ်ရှင်များအနေဖြင့် စစ်အာဏာရှင်စနစ်(ဖက်စစ်စနစ်) အောက်တွင် စစ်အာဏာရှင်နှင့်အတူ ရပ်တည်၍ အလုပ်သမားများကိုဖိနှိပ်ကာ စီးပွားရှာမည်လား (သို့) အလုပ်သမားများနှင့်အတူ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်၍ လွတ်လပ်သည့် လူ့ဘောင်အဖွဲ့အစည်းအတွင်း သန့်သန့် ရှင်းရှင်း စီးပွားရှာမည်လား” “အလုပ်သမားများကိုမတရားဖိနှိပ်နေသည့် နိုင်ငံခြားသားလုပ်ငန်းရှင်ဖြစ်စေ၊ ပြည်တွင်းလုပ်ငန်းရှင် ဖြစ်စေ အရေးယူမှုအပိုင်းအနေဖြင့် တူညီနေမည်ဖြစ်သည်” တော်လှန်ရေးကာလအတွင်း အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ အား Myanmar Labour News သတင်းဌာန မှ တွေ့ဆုံမေးမြန်းချက်ရာတွင် ဖြေကြားချက်များ #MyanmarLabourNews https://fb.watch/a5voM0AHK8/

    Read more…

  • အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများ နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာ

    အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများ နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာ

    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည် အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများ နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာ—–

    Read more…

  • အမျိုးသားအောင်ပွဲနေ့

    အမျိုးသားအောင်ပွဲနေ့

    ၁၀၁ ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အား အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ ဂုဏ်ပြုကြိုဆိုပါသည်။

    Read more…

  • Twitter Acc အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

    Twitter Acc အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Twitter Acc အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Twitter Acc ကို အောက်ဖော်ပြပါ Link အားနှိပ်၍သော်လည်းကောင်း၊ ပုံတွင်ပါဝင်သည့် QR Code အား Scan ဖတ်၍သော်လည်းကောင်း Follow ပြုလုပ်ထားနိုင်ပါသည်။ https://twitter.com/MoLNUGMyanmar

    Read more…

  • အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဌာန၏ (၂/၂၀၂၁) အစည်းဝေးကျင်းပပြုလုပ်ခြင်း ဇွန်လ ၁၇၊ ၂၀၂၁

    အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဌာန၏ (၂/၂၀၂၁) အစည်းဝေးကျင်းပပြုလုပ်ခြင်း ဇွန်လ ၁၇၊ ၂၀၂၁

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဌာန၏ (၂/၂၀၂၁) အစည်းဝေးကျင်းပပြုလုပ်ခြင်း ဇွန်လ ၁၇၊ ၂၀၂၁ ———————- အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ ဝန်ကြီးဌာနတွင်း အစည်းအဝေး ၂/၂၀၂၁ ကို ဇွန်လ ၁၇ ရက်နေ့ ၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အမှာစကားပြောကြားရာတွင် ယခုလိုကာလ၌ ညီညွတ်စွာဖြင့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်သွားဖို့ လိုအပ်ကြောင်း၊ မကြာမီကာလအတွင်း၌ မိမိတို့ ကြိုးစားထားသည့် အသီးအပွင့်များကို ခံစားရမည်ဖြစ်ကြာင်း ဝန်ကြီးဌာနတွင် တာဝန်ယူထားသူများ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု အလေးထားကြောင်း အမှာစကားပြောကြားသွားပါသည်။ ထို့နောက် အစည်းအဝေး အစီအစဥ်အတိုင်း ဝန်ထမ်းရေးရာကိစ္စ၊ ဘဏ္ဍာရေးကိစ္စ၊ CDM ကိစ္စ၊ အထွေထွေ ကိစ္စများကို အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဒုတိယအတွင်းဝန် ဦးဌေးလှနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှေ့ဆက်လုပ်ဆောင်ရမည့်အစီအစဥ်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ က လိုအပ်သော လုပ်ငန်းလမ်းညွှန်များကို ချမှတ်၍ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ခန့်တွင် ရပ်နားခဲ့ပါသည်။

    Read more…

Scroll to Top