Messages

  • Message of the Union Minister for Labour of The National Unity Government of Myanmar on the International Migrants Day

    Message of the Union Minister for Labour of The National Unity Government of Myanmar on the International Migrants Day (December 18, 2023) In recognition of the importance of international migration, the 55th United Nations General Assembly in 2000 named December 18 as “International Migrants Day.” According to the most recent International Organization for Migration (IOM) report, there would be 281 million migrants globally in 2020. In light of the ever-increasing migration, the United Nations has…

  • ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် ပြည်ထောင်စုဝန်ကြီး မှ ပြောကြားသည့် တိုက်တွန်းစကား

    ၆၁ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ တော်လှန်ပြည်သူများသို့ ပြောကြားသည့် တိုက်တွန်းစကား မိဘပြည်သူများ အားလုံး မင်္ဂလာပါခင်ဗျာ….. ဒီနေ့ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ မှတ်တိုင်တခုဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဖြိုချဖျက်ဆီးခဲ့တဲ့ ကျောင်းသားပြည်သူပေါင်း မြောက်မြားစွာကို သွေးမြေခ စေခဲ့တဲ့ သမိုင်းဝင် ဆဲဗင်းဂျူလိုင်နေ့ ဖြစ်ပါတယ်။ ဆဲဗင်းဂျူလိုင်နေ့ဟာ ယနေ့ထိ မိဘပြည်သူတွေရဲ့ ဟဒယနှလုံးထဲမှာ စွဲမြဲနေတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ဆဲဗင်းဂျူလိုင်နေ့မှ စပြီး သန္ဓေတည်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင် အန်တုမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် ယနေ့နွေဦးတော်လှန်ရေးကာလအထိ မျိုးဆက်အလိုက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြရတာ ဖြစ်ပါတယ်။ မိမိအပါအဝင် အဲ့ဒီသမိုင်းဝင်နေ့ကို ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ တချို့ခေါင်းဆောင်ကြီးများဟာ လက်ရှိနွေဦး တော်လှန်ရေးထဲမှာလည်း ထဲထဲဝင်ဝင် ပါဝင်နေကြတာတွေလည်း ရှိပါတယ်။ ၁၉၆၂ စစ်အာဏာရှင်စနစ်ကို ပထမဆုံး အန်တုခဲ့တဲ့ ဆဲဗင်းဂျူလိုင်ရဲ့ ယနေ့ကျရောက်တဲ့ (၆၁)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပြည်သူတရပ်လုံးကို လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ ဖောက်ပြန်နေတဲ့ စစ်တပ်ကို…

  • ယာယီသမ္မတကြီးမှ ကမ္ဘာ့အလုပ်သမားနေ့တွင် လုပ်သားထုသို့ပေးပို့သောသဝဏ်လွှာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံး [email protected] ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ ၂၀၂၃ ခုနှစ် မေလ ၁ ရက် ၁။       ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများအားလုံး အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး နွေဦးတော်လှန်ရေးမှာပါဝင်နေသော ရဲဘော်ရဲဘက် များအားလုံး စိတ်၏တည်ကြည်ကြံ့ခိုင်ခြင်း၊ ကိုယ်၏ကျန်းမာခြင်းပြည့်စုံစေရန် ဆန္ဒပြုပါသည်။ ၂။       လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က အခြေခံအလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ညီညွတ်စွာ စုပေါင်းတောင်းဆိုအောင်မြင်ခဲ့တဲ့ ကမ္ဘာအရပ်ရပ်က အလုပ်သမားထုကို ဂုဏ်ပြုပြီး သတ်မှတ်ထားတဲ့ ဒီမေဒေးနေ့မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေး များ၌ ပြည်သူနှင့် တသားတည်း ရပ်တည်ပြီး ရှေးတန်းက ဦးဆောင်ပါဝင်တော်လှန်နေတဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများအားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဦးညွှတ်ပါသည်။ ၃။       တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာသည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင် မှုအောက်တွင် တော်လှန်အင်အားစုအားလုံးနဲ့အတူ မဆုတ်မနစ် ပူးပေါင်းတိုက်ပွဲဝင်နေမှု အတွက် များစွာ ဂုဏ်ယူအားထားပါသည်။ ၄။       ဒီအလုပ်သမားများအချင်းချင်း၏…

Scroll to Top