ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ၊ နစ်နာမှုများ ရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားမှုယန္တရားတွင် တိုင်ကြားနိုင်ကြောင်း ၁၇-၄-၂၀၂၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၅/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဝင်ရောက်တိုင်ကြားနိုင်မည့် နည်းလမ်းများကို ရှင်းလင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများ အနေဖြင့် ယခု Facebook Page (တိုင်ကြားရေးယန္တရား – အလုပ်သမားဝန်ကြီးဌာန) သို့ ဝင်ရောက်၍လည်း တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
လက်ခံရရှိသည့် တိုင်ကြားမှုများအနက် လတ်တလော ဖြေရှင်းပေးနိုင်သည့် နစ်နာမှု တိုင်းကြားချက်များကို ဖြေရှင်းပေးလျက်ရှိကြောင်းနှင့် ဖြေရှင်းဆောင်ရွက်ရန် အဆင်မပြေနိုင်သည့် တိုင်ကြားမှုများကို စနစ်တကျ မှတ်တမ်းထားရှိပြီး ပြည်သူ့အစိုးရ တာဝန်ယူချိန်တွင် အရေးယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
———————–

