Blacklist

အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၆/၂၀၂၁ ၊ နိုဝင်ဘာလ၊ (၂၉)ရက်

အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ရောက်ရှိ တာဝန်ထမ်းဆောင်နေသည့် အလုပ်သမားသံအရာရှိ များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ခန့်အပ်ထားသူများ မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ပြီး အာဏာရှင်စနစ်ကို အသက်သွင်းနေသည့်သူများ ဖြစ်သည့်အတွက် ၎င်းတို့အား အမည်ပျက်စာရင်း (Blacklist) ထည့်သွင်း၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) ခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမာဝန်ကြီးဌာနမှ လေးနက်စွာတိုက်တွန်းကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁) ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန အမိန့်အမှတ် (၂/၂၀၂၁) ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက် ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်စွဲပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီကို စိတ်ရောကိုယ်ပါ ထောက်ခံပူးပေါင်းပြီး၊ ဌာနတူဝန်ထမ်းများအား ဖိနှိပ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ၂။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ရပ်တည် တိုက်ပွဲဝင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ …

အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁) ရက် Read More »

Scroll to Top