အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ထိုင်းအစိုးရသို့ ပန်ကြားချက်
Ministry of Labour - National Unity Government of Myanmar
ထုတ်ပြန်ကြေညာချက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်
(Statement 3 2024) 2024-09-18-Statement-3-2024
မူဝါဒ
၁။ အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထောက်ခံပံ့ပိုးမှုများ ရရှိရေး။
၂။ ပြည်တွင်းအလုပ်သမားထု၏ အခွင့်အရေးအား ကာကွယ်ပေးရေး၊၊
၃။ အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံသောလုပ်ငန်းရှင်များ၏အကူအညီရယူရေးနှင့် စစ်ကောင်စီကိုထောက်ခံသော လုပ်ငန်းရှင်များအား အရေးယူနိုင်ရေး။
၄။ အလုပ်သမားဥပဒေများအား ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ညီညွတ်စေရေး။
၅။ စစ်ကောင်စီအား အမြစ်ပြတ်ဖြုတ်ချရေး။
လုပ်ငန်းစဥ်
ILO ကဲ့သို့သော အဖွဲ့အစည်းများတွင် စစ်ကောင်စီအား လက်မခံဘဲ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ လက်ခံရေး ကြိုးပမ်းဆောင်ရွက်မည်။ နိုင်ငံတကာမှ အလုပ်သမားဝန်ကြီးဌာနများနှင့်ဆက်သွယ်၍ စစ်ကောင်စီအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အရေးယူ နိုင်ရေးဆောင်ရွက်မည်။ ဤလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ အကူအညီ အချို့လိုအပ်မည် ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍လည်
လုပ်ငန်းစဥ်
၁။ ILO ကဲ့သို့သော အဖွဲ့အစည်းများတွင် စစ်ကောင်စီအား လက်မခံဘဲ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ လက်ခံရေး ကြိုးပမ်းဆောင်ရွက်မည်။ နိုင်ငံတကာမှ အလုပ်သမားဝန်ကြီးဌာနများနှင့်ဆက်သွယ်၍ စစ်ကောင်စီအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အရေးယူ နိုင်ရေးဆောင်ရွက်မည်။ ဤလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ အကူအညီ အချို့လိုအပ်မည် ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍လည်း စစ်ကောင်စီနှင့် ဆက်နွယ်၍ ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ၊ စစ်ကောင်စီအားအထောက်အပံ့ဖြစ်စေသော စီးပွားရေးလုပ်ငန်းများအားဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံတွင်အရေးယူနိုင်ရေး ဆောင်ရွက်မည်။ ထို့အပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသော ဘောင်းအတွင်းမှ နိုင်ငံတကာ၏ ငွေကြေးကူညီထောက်ပံ့မှုများရနိုင်အောင်လည်းကြိုးပမ်းသွားမည်။
၂။ ၁၊ ၂၊ ၂၀၂၁ ရက်နေ့တွင်စစ်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း ၆၊ ၂၊ ၂၀၂၁ ရက်နေ့တွင် အလုပ်သမားများက ဦးဆောင်၍ စစ်ကောင်စီအား စတင်ဆန္ဒပြခဲ့သည်ကို ကျနော်တို့ မမေ့အပ်ပေ။ ပုံမှန်အခြေအနေတွင်ပင် အလုပ်သမားများအားကာကွယ်ပေးထားသည့် ဥပဒေများရှိပင်ရှိသော်ငြားလည်း အလုပ်ရှင် အချို့၏ အခွင့်အရေးချိုးဖောက် ဖိနှိပ်မှုများကို အလုပ်သမားများသည် ကြုံတွေ့ခဲ့ရသည်။ ယခုကဲ့သို့ လူစိတ်ကင်းမဲ့နေသော စစ်ကောင်စီလက်ထက်တွင် အလုပ်ရှင်ဆိုးများသည် စစ်ကောင်စီကို အားကိုးအားထားပြု၍ အလုပ်သမားများ၊ အထူးသဖြင့် စစ်ကောင်စ်ီကို ဆန့်ကျင်နေသော တိုက်ပွဲဝင် အလုပ်သမားများကို ပိုမို ဖိနှိပ်နေသည်ကို မြင်တွေ့နေရသည်။ ထို့ကြောင့် အလုပ်သမားများ၏ အခွင့်အရေးကို မိမိတို့ တတ်စွမ်းနိုင်သလောက်ကာကွယ်ပေးရန်မှာ လက်တလောအခြေအနေတွင် အလုပ်သမားဝန်ကြီးဌာန၌ အထူးတာဝန်တရပ်ကဲ့သို့ရှိနေသည်။ သို့မှသာ အလုပ်သမားထု၏ အားကိုးယုံကြည်မှု ပိုမိုရရှိလာပြီး တော်လှန်ရေးကိုလည်း ပိုမို မြန်ဆန်လာစေမည် ဖြစ်သည်။ ထို့ပြင် တိုက်ပွဲဝင် အလုပ်သမားများ၊ CDM ပြုလုပ်နေသော ပုဂ္ဂလိက ဝန်ထမ်းများ၊ အလုပ်သမားများကိုလည်း တတ်နိုင်သရွေ့ကူညီပေးနိုင်ရန် စီစဥ်မည်။ အလုပ်သမားများပိုမိုလွတ်လပ်စွာ လှုပ်ရှားတိုက်ပွဲဝင်နိုင်ရေးအတွက် အလုပ်သမားအခွင့်အရေးကို မှင့်တင်ပေးသော ဥပဒေများ၊ အမိန့် ညွှန်ကြားချက်များလည်း ထုတ်ပြန်ရမည် ဖြစ်သည်။
၃။ အလုပ်သမားဝန်ကြီးဌာန၏ စည်းကြပ်မှုအောက်တွင် လုပ်ငန်းရှင်များလည်းအကြုံဝင်နေသည့်အားလျော်စွာ အလုပ်ရှင်များအရေးကိုလည်း ဂရုတစိုက် စီစဥ်ဆောင်ရွက်ရမည် ဖြစ်သည်။ လုပ်ငန်းရှင်များထဲတွင် မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံနေသူပေါင်းများစွာရှိသည်။ အဆိုပါထောက်ခံသူများကို ချိတ်ဆက်၍ မိမိတို့အစိုးရကို တတ်နိုင်သည့်နည်းလမ်းများဖြင့် ကူညီပေးရန်၊ စစ်ကောင်စီအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်ဆန့်ကျင်ကြရန် စည်းရုံးရမည်။ ပြောင်းပြန်အားဖြင့် စစ်ကောင်စီကို အားပေးထောက်ခံနေသော အလုပ်ရှင်များ၊ စစ်ကောင်စီနှင့်ပူးပေါင်း၍ အလုပ်သမားများကိုဖိနှိပ်နေသော တိုက်ပွဲဝင်အလုပ်သမားများအား သတင်းပေးဖမ်းဆီးစေခြင်းများ ပြုလေုပ်နေသော၊ လုပ်ငန်းခွင်အတွင်း အရေးယူမှုများပြုလုပ်နေသော လုပ်ငန်းရှင်များအား ဖော်ထုတ်၍ အမည်ပျက်စာရင်း ထုတ်ပြန်ခြင်းများဆောင်ရွက်ရမည်။ အလုပ်သမားဥပဒေဖြင့် အရေးယူခြင်းများ ပြုလုပ်ရမည်။
၄။ ရေတိုအားဖြင့် တည်ဆဲအလုပ်သမားဥပဒေများအား ဆက်လက်အသုံးပြုနေရင်းမှပင် စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေသော၊ တိုက်ပွဲဝင်အလုပ်သမားများကို အကန့်အသတ်ဖြစ်စေသော ဥပဒေများကို ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရမည်။ ထို့ပြင် ရေရှည်အားဖြင့် အလုပ်သမားများကို အကာအကွယ်ပေးသည့် ဥပဒေသစ်များကိုလည်း ရေးဆွဲပြဌာန်းရမည်။ အနည်းဆုံးအခကြေးငွေဥပဒေ ဥပဒေအရ လိုအပ်နေသေးသော လုပ်ငန်းအလိုက် အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်များ၊ ဒေသအလိုက်အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်များ ပြဌာန်းနိုင်ရန် ဆောင်ရွက်မည်။
၅။ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ စစ်ကောင်စီအား ပြုတ်ကျစေရေးနှင့် အကူအညီအထောက်အပံ့များ ရပ်ဆိုင်းသွားရေး ထပ်မံ မရရှိနိုင်စေရေးအတွက် အထူးကြိုးပမ်းရမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရောက် မြန်မာအလုပ်သမားများက စစ်ကောင်စီအား နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားရန်လည်းကြိုးပမ်းမည်။
၆။ လူမှုဖူလုံရေး ပေးသွင်းမှုများအား တော်လှန်ရေးကာလအတွင်းရပ်ဆိုင်းထားနိုင်ရေး၊ လူမှုဖူလုံရေးဥပဒေအားပြင်ဆင်နိုင်ရေးတို့ကိုလည်းဆောင်ရွက်ရမည်။
၇။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရမပေါ်ပေါက်မီကာလအတွင်း ဆောင်ရွက်နေသော မူဝါဒ လုပ်ငန်းစဥ်များအား ဆက်လက်အကောင်အထည်ဖော်သင့်သည့် မူဝါဒ၊ လုပ်ငန်းစဥ်များကို ယခင်ဝန်ကြီးများနှင့် ညှိနှိုင်း၍ ဆက်လက်အကောင်အထည်ဖော်ပါမည်။
အလုပ်သမားဝန်ကြီးဌာန၏ ဌာနများ
အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
လူမှု့ဖူလုံရေးအဖွဲ့
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန
အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန
ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန
ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးဦးစီးဌာန
Latest News and Activity
သတင်းလွှာများ
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၃)
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၂)
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၁)
ဥပဒေများ
အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေများအပေါ်တွင်အကြံပြုနိုင်ပါသည်။
အလုပ်သမားဥပဒေများအပေါ်အကြံပြုခြင်း
သတင်းလွှာများ
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၃)
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၂)
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၁)
ဥပဒေများ
အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေများအပေါ်တွင်အကြံပြုနိုင်ပါသည်။