Skip to content
Myanmar National Symbol
အမျိုးသားညီညွတ်ရေးအစိုးရ၏တရားဝင်ဝက်ဘ်ဆိုက် How to identify?
Government Building Icon
NUG Official website links usually end with .nugmyanmar.org

National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open) Trusted websites

Secure Lock
Secure websites use HTTPS

Look for a lock (Secure Lock) or https:// as an added precaution. Share sensitive information only on official, secure websites.

Ministry of Labour
  • ဝန်ကြီးဌာနအကြောင်း
    • ဝန်ကြီးများ
      • ပြည်ထောင်စုဝန်ကြီး
      • ပြည်ထောင်စုဒုတိယဝန်ကြီး
    • ဌာနများ
      • အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
      • လူမှု့ဖူလုံရေးအဖွဲ့
      • အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန
      • အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန
      • ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန
      • ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးဦးစီးဌာန
    • အမေးများသောမေးခွန်းများ
    • အမည်ပျက်စာရင်း
      • MoL – Blacklist
      • Agency – Blacklist
    • ဆက်သွယ်ရန်
  • e-Services
    • ဥပဒေများ New
    • တိုင်ကြားရေးယန္တရား
    • Job Search Portal
    • SWSC Verification
  • သတင်းထုတ်ပြန်ချက်
    • ထုတ်ပြန်ကြေညာချက်များ
    • လှုပ်ရှားမှုများ
    • သတင်းများ
Search
  • English
  • Donate
Ministry of Labour

အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန

  • The Labour Organization Law
  • ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ
  • ၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်း အက်ဥပဒေ
  • ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ
  • ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေ

လူမှု့ဖူလုံရေးအဖွဲ့

  • ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ
  • လူမှုဖူလုံရေးနည်းဥပဒေများ

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန

  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာဥပဒေ
  • ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ
  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ
  • ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ

အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန

  • အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ

ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန

  • ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ

ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးဦးစီးဌာန

  • အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
  • ပင်မစာမျက်နှာ
  • Laws
  • အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
  • ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ

၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ

၂၀၁၆ ခုနှစ်၊အခကြေးငွေပေးချေရေးဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇။)

၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်

(၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ ၂၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် #

၁။ ဤဥပဒေကို ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) အခကြေးငွေ ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်းကောင်း၊ အလုပ် သမား၏ စွမ်းဆောင်ရည် ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တ ကောင်းမွန်သဖြင့် အလုပ်ရှင်က အပိုပေး သည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့် များသည် လည်းကောင်းပါဝင်သည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်-

(၁) ခရီးစရိတ် သို့မဟုတ် ခရီးသွားလာမှုအတွက် အထူးထောက်ပံ့စရိတ်များ၊

(၂) လုပ်ငန်းသဘာဝအရ နှစ်ဖက်ကြိုတင်ညှိနှိုင်းထား၍ ခေတ္တစိုက်ထုတ် ကျခံသုံးစွဲငွေများ၊

(၃) လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေကြေးများ၊

(၄) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အလုပ်သမားအတွက် ပေးသွင်းသည့်ထည့်ဝင်ကြေးများ၊

(၅) နေထိုင်ခနှင့်စားသောက်စရိတ်များ၊လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့်အခွန်အခများ၊

(၆) ဆေးကုသစရိတ်နှင့်အပန်းဖြေခများ၊

(၇) အလုပ်ထုတ်နစ်နာကြေးနှင့် ကရုဏာကြေးများ၊

(၈) ပင်စင်လစာနှင့် အငြိမ်းစား လုပ်သက်ဆုငွေ၊

(၉) ဝန်ကြီးဌာနက ဤဥပဒေပါအခကြေးငွေနှင့်မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြု ချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော အခြားငွေကြေးများ။

(ခ) အလုပ်ရှင် ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းတစ်ခုခုတွင် အနည်းဆုံးတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမား များအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ဖြင့် ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ်စေ၊ အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားအား  အခကြေးငွေပေးရန် တာဝန်ရှိ သူကို ဆိုသည်။ ယင်းစကားရပ်တွင် ကန်ထရိုက်တာသည် လည်းကောင်း၊ အလုပ်ရှင်၏ တရားဝင် စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စား အလုပ်သမားအား စီမံအုပ်ချုပ်ရန် တာဝန်ရှိသူ၊ အလုပ်ရှင် သေဆုံးပါက ယင်း၏ အမွေဆက်ခံသူနှင့်တရားဝင် ကိုယ်စားလှယ် တို့သည်လည်းကောင်း  ပါဝင်သည်။ သို့ရာတွင် ယင်းစကားရပ်၌ အလုပ်သမားခေါင်းမပါဝင်။

(ဂ) အလုပ်သမား ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတစ်ခုခုတွင် အနည်းဆုံး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ် သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ဖြင့်ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ်စေ ကာယဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်ကို လုပ်ကိုင်၍ ရရှိသော အခကြေးငွေဖြင့် အသက် မွေးဝမ်းကျောင်းပြုသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့်ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေးဝန်ထမ်းများ၊ သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေး အလုပ်သမား၊ ထမင်းချက် ၊ စာပို့သူ၊ ဥယျာဉ်လုပ် သားနှင့် အထွေထွေလုပ်သားတို့ ပါဝင်သည်။

(ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကို ဆိုသည်။

(င) ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။

(စ) စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဆ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးရေး အရာရှိ တစ်ဦးဦးကို ဆိုသည်။

အခန်း(၂) အခကြေးငွေပေးရမည့် နည်းလမ်းများနှင့် အချိန်ကာလ #

၃။ အလုပ်ရှင်သည်-

(က) မိမိ၏လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ၏ အခကြေးငွေကို ပြည်တွင်းသုံး ငွေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့် နိုင်ငံခြားသုံး ငွေဖြင့်ဖြစ်စေ ပေးချေရမည်။ ထိုသို့ ပေးချေရာတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူညီမှုဖြင့် ငွေသားဖြင့်ဖြစ်စေ၊ ချက်လက်မှတ်ဖြင့်ဖြစ်စေ၊ အလုပ်သမား၏ ဘဏ်စာရင်းသို့ဖြစ်စေ ပေးချေနိုင်သည်။

(ခ) အခကြေးငွေပေးချေရာတွင်-

(၁) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအား သီးခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးချေရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင့် ဖြစ်စေ၊ အလုပ်သမား၏ဆန္ဒအရ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသ ပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့တစ်ဝက် တွဲဖက်၍ဖြစ်စေ ပေးချေနိုင်သည်။

(၂) စိုက်ပျိုးရေးနှင့်  မွေးမြူရေး လုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများအား ဒေသဓလေ့ထုံးတမ်း အရဖြစ်စေ၊ အလုပ်သမား အများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ ငွေသားတစ်ချို့တစ်ဝက်နှင့်ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ် သော  ပစ္စည်းတစ်ချို့တစ်ဝက် တွဲဖက်၍ ပေးချေနိုင်သည်။ ထိုသို့ပေးချေခြင်းသည် အလုပ်သမားနှင့် ယင်းမိသားစု ကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးချေသည့် တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။

(ဂ) အလုပ်သမား တစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ ထိုအလုပ်သမားအား အထူးခွင့်အဖြစ် သတ်မှတ်ပြီး ရက်ပေါင်း (၆၀)အတွက် အခကြေးငွေ ထုတ်ပေးရမည်။

၄။ အလုပ်ရှင်သည်-

(က) နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုအတွက် သော်လည်းကောင်း၊ ယာယီအလုပ်သို့မဟုတ် ပုတ်ပြတ်အလုပ် တစ်ခုအတွက် သော်လည်းကောင်း အလုပ်ပြီးဆုံး သည့်အခါဖြစ်စေ၊ အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလ တွင်ဖြစ်စေ အခကြေးငွေပေးချေရမည်။

(ခ) ပုဒ်မခွဲ(က)အရ အခကြေးငွေပေးချေရန် အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလ အပိုင်းအခြားသည် တစ်လထက် မကျော်စေရ။

(ဂ) အမြဲတမ်းအလုပ်အတွက် အခကြေးငွေကို လစဉ်ပေးချေရမည်။ ထိုသို့ ပေးချေရာတွင်-

(၁) အလုပ်သမားဦးရေ ၁၀၀ ထက်မပိုပါက အခကြေးငွေပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့် နေ့တွင်ပေးချေရမည်။

(၂) အလုပ်သမားဦးရေ ၁၀၀ ထက်ပိုပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီးနောက် နောက်အကျဆုံး ငါးရက်အတွင်း ပေးချေရမည်။

(ဃ) အလုပ်သမားအား အလုပ်ရပ်စဲသည့်အခါ ပေးထိုက်သည့် အခကြေးငွေကို အလုပ်မှ ရပ်စဲခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။

(င) အလုပ်သမားက အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှ နုတ်ထွက်ပါက အခကြေးငွေ ပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။

(စ) အလုပ်သမား သေဆုံးသည့်အခါ ထိုအလုပ်သမားအား ပေးထိုက်သည့် အခကြေးငွေကို သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း သေဆုံးသူ၏ တရားဝင်အမွေဆက်ခံသူထံသို့ ပေးချေရမည်။

(ဆ) အခကြေးငွေအားလုံးကို အလုပ်ဖွင့်သည့်နေ့ရက်တွင် ပေးချေရမည်။

၅။ အလုပ်ရှင်သည် သဘာဝဘေးအန္တရာယ်အပါအဝင် မမျှော်လင့်သော ထူးခြားသည့် အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်သဖြင့် ပုဒ်မ၄၊ ပုဒ်မခွဲ (ဂ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပေးချေရန် အခက်အခဲရှိပါက အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် အခကြေးငွေများကို မည်သည့်နေ့ရက်သို့ ပြောင်းလဲပေးချေမည်ဖြစ်ကြောင်း ကျိုးကြောင်းခိုင်လုံစွာဖြင့် ဦးစီးဌာနသို့ တင်ပြရမည်။

၆။ ဦးစီးဌာနသည် ပုဒ်မ ၅ အရ တင်ပြချက်ကို စိစစ်ပြီးခွင့်ပြုသင့်ပါက ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် စည်းကမ်းချက်များ သတ်မှတ်ပြီး သင့်လျော်သော အချိန်ကာလအတွင်း ရွှေ့ဆိုင်းပေးချေရန် အလုပ်ရှင်အား ခွင့်ပြုနိုင်သည်။

အခန်း(၃) အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်း #

၇။ အလုပ်ရှင်သည်-

(က) သက်ဆိုင်ရာဥပဒေအရ အခကြေးငွေ ခံစားခွင့်ရှိသည့် ခွင့်ရက်များနှင့် အများပြည်သူ အလုပ်ပိတ်ရက်များ မှအပ အလုပ်မဆင်းသည့် ကာလအတွက် အခကြေးငွေမှ နုတ်ယူ ဖြတ်တောက်နိုင်သည်။

(ခ) အခကြေးငွေတွင် ပါဝင်ခြင်းမရှိသည့် အလုပ်ရှင်မှ စီစဉ်ပေးသည့် နေထိုင်ခနှင့်ပို့ကြိုယာဉ်စရိတ်၊ စားသောက်စရိတ်များ၊ လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့်အလုပ်သမားက ပေးဆောင်ရမည့်ဝင်ငွေခွန်၊ မှားယွင်း၍ ပိုပေးမိသော အခကြေးငွေများကို နုတ်ယူဖြတ်တောက် နိုင်သည်။

(ဂ) အလုပ်သမား၏ တောင်းဆိုချက်အရ ကြိုတင်ထုတ်ပေးငွေ၊ စိုက်ထုတ်ပေးငွေ၊ အလုပ်သမားအတွက် စုငွေသို့မဟုတ်ဥပဒေအရ ထည့်ဝင်ကြေးငွေ တစ်ရပ်ရပ်ကို အခကြေးငွေမှ နုတ်ယူ ဖြတ်တောက်နိုင်သည်။

(ဃ) တရားရုံး သို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်အရ အလုပ်သမား၏ အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။

၈။ အလုပ်ရှင်သည် ပုဒ်မ ၇ နှင့် ပုဒ်မ ၁၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်း မှအပ မည်သည့် ကိစ္စအတွက်မျှ နုတ်ယူဖြတ်တောက်ခြင်းမပြုရ။

၉။ အလုပ်ရှင်သည် ပုဒ်မ ၇ အရ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင် အလုပ်သမားက တာဝန် ထမ်းဆောင်ရန် ပျက်ကွက်မှု အတွက် နုတ်ယူဖြတ်တောက်ငွေများမှအပ အခြားနုတ်ယူဖြတ်တောက်ငွေ စုစုပေါင်း သည် အလုပ်သမားရရှိသည့် အခကြေးငွေ၏ ၅၀ ရာခိုင်နှုန်းထက် မပိုစေရ။

၁၀။ အလုပ်ရှင်သည်-

(က) ပုဒ်မ ၁၁ အရ ပေးလျော်ရန် ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်း မပြုမီ မည်သည့်ကိစ္စအတွက် မည်သို့မည်မျှ ဖြတ်တောက်မည်ကို ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

(ခ) ပုဒ်မခွဲ (က) ပါခွင့်ပြုချက်ကို သက်ဆိုင်ရာအလုပ်ရုံ၊ လုပ်ငန်းဌာန၌ အများမြင်သာသော နေရာများတွင် ကပ်ထားရမည်။

(ဂ) နုတ်ယူဖြတ်တောက်သည့် ပေးလျော်ရန် ဒဏ်ငွေမှာ အလုပ်သမား၏ လုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှု တန်ဖိုးထက် မပိုစေရ။

(ဃ) ပုဒ်မ ၁၁ အရ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင်-

(၁) အလုပ်သမားအား ထုချေဖြေရှင်းခွင့် တစ်စုံတစ်ရာမပေးဘဲ ထိုအခကြေးငွေမှနုတ်ယူ ဖြတ်တောက်ခြင်း မပြုရ။

(၂) အလုပ်သမား၏ လစဉ်အခကြေးငွေမှ တစ်လလျှင် ၅ရာခိုင်နှုန်း ထက်ပို၍ နုတ်ယူ ဖြတ်တောက်ခြင်းမပြုရ။

(င) အသက် ၁၆ နှစ်အောက် အလုပ်သမားထံမှ ဒဏ်ငွေအဖြစ် လုံးဝနုတ်ယူ ဖြတ်တောက်ခြင်း မပြုရ။

(စ) ချမှတ်ထားသော ဒဏ်ငွေအား ပေးချေရမည့် ကာလသတ်မှတ်ချက်ကို အလုပ်ရှင်နှင့် အလုပ်သမား သဘော တူညီချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။

(ဆ) ပစ္စည်းဆုံးရှုံးမှုအတွက် ဖြတ်တောက်ငွေကို ဥပဒေအရ ဖွဲ့စည်းထားသည့် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့် ညှိနှိုင်းသဘောတူညီချက်အရ သတ်မှတ်အချိန်ကာလအတွင်း နုတ်ယူ ဖြတ်တောက်ရမည်။

(ဇ) အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့် ငွေများကို မှတ်တမ်းတွင် ရေးသွင်း၍ စနစ်တကျ ထိန်းသိမ်းထား ရမည်။

(ဈ) အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့်ငွေနှင့်စပ်လျဉ်း၍ လစဉ်အစီရင်ခံစာကို ဦးစီးဌာနသို့ တင်ပြရမည်။

(ည) ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)အရ နုတ်ယူဖြတ်တောက်သည့် ဒဏ်ငွေများကို စက်ရုံရှိ တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားအဖွဲ့အစည်းနှင့် ညှိနှိုင်း၍ အလုပ်သမားများ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၌ အသုံးပြုရမည်။

၁၁။ အလုပ်ရှင်သည် အလုပ်သမား၏ အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုအတွက် ပေးလျော်ရန် ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်-

(က) အလုပ်သမား၏ တမင်လျစ်လျူရှုမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မရိုးဖြောင့်သော သဘောဖြင့် ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု ကြောင့်ဖြစ်စေ အလုပ်ရှင်က အလုပ်သမားအား ထိန်းသိမ်းစောင့်ရှောက်ရန် အတိအလင်း အပ်နှံထားသည့် တာဝန်ရှိသော ပစ္စည်းနှင့် ငွေကြေးတစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုသည် ထိုအလုပ်သမား၏ ပေါ့ဆမှုနှင့် မှားယွင်းမှုကြောင့် တိုက်ရိုက်ပေါ်ပေါက်လာသည့် ပျက်စီးဆုံးရှုံးမှု၊

(ခ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ ဒဏ်ငွေသတ်မှတ်ထားသည့် အလုပ်ခွင် စည်းကမ်းချက် တစ်ရပ်ရပ်ကို အလုပ်သမားက ဖောက်ဖျက်မှု။

၁၂။ အလုပ်သမားသည်-

(က) အောက်ပါအခြေအနေများ ပေါ်ပေါက်လျှင် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား အဖွဲ့အစည်းကဖြစ်စေ၊ စက်ရုံတွင်း လုပ်ငန်းညှိနှိုင်းရေးကော်မတီကဖြစ်စေ ဖြေရှင်းပေးရန် အလုပ်ရှင်သို့ တောင်းဆိုနိုင်သည်-

(၁) ရရန်ရှိသည့် အခကြေးငွေထဲမှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖြတ်တောက်ခံရခြင်း၊

(၂) အခကြေးငွေများကို ပေးချေရမည့်ကာလထက်ကျော်လွန်၍ ပေးချေရန် ပျက်ကွက်နေခြင်း။

(ခ) ပုဒ်မခွဲ (က) အရ တောင်းဆိုသော်လည်း အလုပ်ရှင်က ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက နုတ်ယူဖြတ်တောက်သည့်နေ့ သို့မဟုတ် ပေးချေရန် ပျက်ကွက်သည့်နေ့မှ ခြောက်လအတွင်း စစ်ဆေးရေးအရာရှိထံသို့ ဖြေရှင်း ဆောင်ရွက်ပေးရန် တင်ပြနိုင်သည်။

၁၃။ (က) စစ်ဆေးရေးအရာရှိသည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)အရ တင်ပြချက်ကို စိစစ်၍ လိုအပ်ပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား စစ်ဆေးပြီး သင့်လျော်သည့်အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။

(ခ) အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် ပုဒ်မခွဲ (က)အရ ချမှတ်သည့်အမိန့်ကို ကျေနပ်မှုမရှိပါက စစ်ဆေးရေးအရာရှိချုပ်ထံ ရက်ပေါင်း ၃၀ အတွင်း အယူခံနိုင်သည်။

(ဂ) စစ်ဆေးရေးအရာရှိချုပ်သည် ပုဒ်မခွဲ (ခ) အရ အယူခံမှုကို စိစစ်၍ အလုပ်ရှင်နှင့် အလုပ်သမားတို့ကို ကြားနာပြီး သင့်လျော်သော အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။

(ဃ) စစ်ဆေးရေးအရာရှိချုပ်က ချမှတ်သည့်အမိန့်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း(၄) အချိန်ပို အခကြေးငွေ #

၁၄။ အလုပ်သမားသည် အချိန်ပို လုပ်ကိုင်ရပါက အချိန်ပိုအခကြေးငွေနှုန်းထားကို ဥပဒေအရ သတ်မှတ်သည့် နှုန်းထားအတိုင်း ခံစားခွင့်ရှိသည်။

အခန်း(၅) စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိ၏ တာဝန်များ #

၁၅။ ဝန်ကြီးဌာနသည် ဤဥပဒေပါ အခကြေးငွေပေးခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် လိုအပ်သောစစ်ဆေးမှုများနှင့် ကြီးကြပ်မှုများ ပြုလုပ်နိုင်ရန် အလို့ငှာ စစ်ဆေးရေးအရာရှိများကို လိုအပ်သလို ခန့်အပ်တာဝန် ပေးနိုင်သည်။

၁၆။ စစ်ဆေးရေးအရာရှိချုပ်သည်-

(က) စစ်ဆေးရေးအရာရှိများအား နယ်မြေခွဲခြားသတ်မှတ်၍ လွှဲအပ်တာဝန်ပေးနိုင်သည်။

(ခ) ဤဥပဒေပါ ပြစ်မှုကျူးလွန်သော အလုပ်ရှင်အား သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုစေရန် စစ်ဆေးရေး အရာရှိတစ်ဦးဦးကို လွှဲအပ်တာဝန်ပေးနိုင်သည်။

၁၇။ စစ်ဆေးရေးအရာရှိသည်-

(က) စစ်ဆေးရေးအရာရှိချုပ်က စစ်ဆေးရန် လွှဲအပ်တာဝန်ပေးသည့်အတိုင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရမည်။

(ခ) စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးရေးအရာရှိချုပ်ထံ တင်ပြရမည်။

၁၈။ စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိသည် အောက်ပါတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်-

(က) ဤဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ရန် အကျုံးဝင်သည့် မည်သည့်လုပ်ငန်းခွင်ကိုမဆို စစ်ဆေးရေးအရာရှိ သက်သေခံကတ်ပြားကို ပြသပြီး သင့်လျော်သည်ဟု ယူဆသောအချိန်တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်သည်။ ညဉ့်အချိန် ထိုသို့ဝင်ရောက်ပါက သက်သေနှစ်ဦးနှင့်အတူ ဝင်ရောက်ရမည်။

(ခ) ပုဒ်မခွဲ (က)အရ ဝင်ရောက်ကြည့်ရှု စစ်ဆေးရာတွင် အခကြေးငွေပေးချေမှု၊ အခကြေးငွေမှ နုတ်ယူ ဖြတ်တောက်မှုနှင့်စပ်လျဉ်းသည့် မှတ်ပုံတင်စာအုပ်၊ မှတ်တမ်းစာအုပ်၊ စာရင်းဇယား ၊ စာရွက်စာတမ်း အထောက်အထားများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် လိုအပ်သည့် ပုဂ္ဂိုလ်များကို စစ်ဆေးမေးမြန်းခြင်း ပြုနိုင်သည်။

(ဂ) အခကြေးငွေပေးချေမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်စာရင်းဇယားများ၊ စာရွက်စာတမ်းအထောက် အထားများကို မိတ္တူရယူခြင်းနှင့် လိုအပ်ပါက မူရင်းများကို သက်သေနှစ်ဦးနှင့်အတူ ရှာဖွေပုံစံဖြင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း ပြုနိုင်သည်။

အခန်း(၆) တရားစွဲဆိုခြင်း #

၁၉။ (က) စစ်ဆေးရေးအရာရှိသည် ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်သူအား စစ်ဆေး ရေးအရာရှိချုပ်၏ ခွင့်ပြုမိန့်ဖြင့် သက်ဆိုင်ရာတရားရုံးတွင် ဤဥပဒေအရ တရားစွဲဆိုရမည်။

(ခ) ပုဒ်မခွဲ (က)အရ တရားစွဲဆိုခြင်းကြောင့် အလုပ်သမားက ရရန်ရှိသော အခကြေးငွေများ ရရှိရေးအတွက် တရားမကြောင်းအရ တရားစွဲဆို တောင်းခံပိုင်ခွင့်ကို မထိခိုက်စေရ။

(ဂ) အလုပ်သမားသည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)အရ စစ်ဆေးရေးအရာရှိထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြခြင်းမပြုဘဲ နုတ်ယူဖြတ်တောက်ငွေနှင့်နစ်နာကြေးငွေများကို ပေးချေရန် သက်ဆိုင်ရာတရားရုံးသို့ တရား မကြောင်းအရ တရားစွဲဆိုနိုင်သည်။

၂၀။  တရားရုံးသည် အခကြေးငွေပေးချေရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုမှာ အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်သည်ဟု ဆုံးဖြတ်လျှင် အခကြေးငွေပေးချေခြင်းကို ဆိုင်းငံ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ပြုနိုင်သည်-

(က) သဘာဝဘေးအန္တရာယ် အပါအဝင် မမျှော်လင့်သော အရေးပေါ်အခြေအနေပေါ်ပေါက်လာသဖြင့် အခကြေးငွေကို ပေးချေနိုင်မှု မရှိခြင်း၊

(ခ) အလုပ်ရှင်သည် ကြွေးမြီ မပေးဆပ်နိုင်သည့် လူမွဲအဖြစ် ကြေညာခံထားရသူဖြစ်ခြင်း၊

(ဂ) သက်ဆိုင်ရာအလုပ်သမားက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ လာရောက်ထုတ်ယူရန် ပျက်ကွက် ခြင်း သို့မဟုတ် ပေးချေသည့် အခကြေးငွေကို လက်ခံရယူရန် ပျက်ကွက်ခြင်း။

၂၁။ ပြန်လည်တောင်းခံသော အခကြေးငွေ သို့မဟုတ် ဖြတ်တောက်ထားသည့် အခကြေးငွေများနှင့် စပ်လျဉ်း၍ အောက်ပါကိစ္စတစ်ရပ်ရပ်တွင် တရားစွဲဆိုခြင်းမပြုရ-

(က) စစ်ဆေးရေးအရာရှိထံသို့ လျှောက်ထားသည့်ကိစ္စ မပြီးပြတ်သေးခြင်း၊

(ခ) တောင်းခံလျှောက်ထားသူအား ပြန်လည်ထုတ်ပေးရန် ညွှန်ကြားပြီးသည့် ငွေဖြစ်နေခြင်း၊

(ဂ) တောင်းခံလျှောက်ထားသူအား ပေးရန်မလိုသောငွေဟု အတည်ပြုပြီးသော ငွေဖြစ်နေခြင်း။

အခန်း(၇) တားမြစ်ချက်များ #

၂၂။ မည်သည့်အလုပ်ရှင်မျှ ပုဒ်မ ၄၊ ၅၊ ၈၊ ၉ နှင့် ၁၁ တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းမပြုရ။

၂၃။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းမပြုရ။

အခန်း(၈) ပြစ်မှုနှင့် ပြစ်ဒဏ်များ #

၂၄။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို  ဖောက်ဖျက်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၂၀ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အလုပ်သမားရရန်ရှိသည့် အခကြေးငွေကို အလုပ်သမားအား ပေးချေရန် အမိန့်ချမှတ်ရမည်။

၂၅။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၄ အရ ပြစ်မှုစီရင်ခြင်းခံရပြီး ထိုပြစ်မှုကိုပင် ထပ်မံကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်၅၀သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အလုပ်သမား ရရန်ရှိသည့်အခကြေးငွေကို အလုပ်သမားအား ပေးချေရန် အမိန့်ချမှတ်ရမည်။

၂၆။ မည်သူမဆို ပုဒ်မ ၂၃ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို  ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို  အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။

၂၇။ မည်သူမဆို အခကြေးငွေပေးချေခြင်း သို့မဟုတ် အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းနှင့် စပ်လျဉ်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်သမားအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် စွပ်စွဲတိုင်ကြားကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသိန်းထက် မပိုသော  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၉) အထွေထွေ #

၂၈။ ဤဥပဒေပြဋ္ဌာန်းချက်ပါ အခွင့်အရေးတစ်ရပ်ရပ်အောက် လျော့နည်း၍ ချုပ်ဆိုသည့် မည်သည့်သဘောတူညီချက် သို့မဟုတ် မည်သည့်သဘောတူစာချုပ်မဆို ပျက်ပြယ်စေရမည်။

၂၉။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများနှင့် စည်းမျဉ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနနှင့်ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကိုထုတ်ပြန်နိုင်သည်။

၃၀။ The Payment of Wages Act, 1936 ကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

—– အချက်အလက်ထောက်ပံ့မှု —–

Ministry of Labour https://mol.nugmyanmar.org/my/laws/2016-the-payment-of-wages-law/

 

 

အလုပ်သမားဥပဒေဝဘ်ဆိုဒ်
အလုပ်သမားဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

https://mol.nugmyanmar.org/laws

What are your Feelings
Share This Law :
  • Facebook
  • Twitter
Still stuck? How can we help?

How can we help?

Updated on မေ 26, 2023
The Labour Organization Law၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်း အက်ဥပဒေ
Table of Contents
  • အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
  • အခန်း(၂) အခကြေးငွေပေးရမည့် နည်းလမ်းများနှင့် အချိန်ကာလ
  • အခန်း(၃) အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်း
  • အခန်း(၄) အချိန်ပို အခကြေးငွေ
  • အခန်း(၅) စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိ၏ တာဝန်များ
  • အခန်း(၆) တရားစွဲဆိုခြင်း
  • အခန်း(၇) တားမြစ်ချက်များ
  • အခန်း(၈) ပြစ်မှုနှင့် ပြစ်ဒဏ်များ
  • အခန်း(၉) အထွေထွေ
Search for:
  • ဝန်ကြီးဌာနအကြောင်း
    • ဝန်ကြီးများ
      • ပြည်ထောင်စုဝန်ကြီး
      • ပြည်ထောင်စုဒုတိယဝန်ကြီး
    • ဌာနများ
      • အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
      • လူမှု့ဖူလုံရေးအဖွဲ့
      • အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန
      • အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန
      • ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန
      • ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးဦးစီးဌာန
    • အမေးများသောမေးခွန်းများ
    • အမည်ပျက်စာရင်း
      • MoL – Blacklist
      • Agency – Blacklist
    • ဆက်သွယ်ရန်
  • e-Services
    • ဥပဒေများ New
    • တိုင်ကြားရေးယန္တရား
    • Job Search Portal
    • SWSC Verification
  • သတင်းထုတ်ပြန်ချက်
    • ထုတ်ပြန်ကြေညာချက်များ
    • လှုပ်ရှားမှုများ
    • သတင်းများ
  • English
  • Donate
  • ဝန်ကြီးဌာနအကြောင်း
    • ဝန်ကြီးများ
      • ပြည်ထောင်စုဝန်ကြီး
      • ပြည်ထောင်စုဒုတိယဝန်ကြီး
    • ဌာနများ
      • အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
      • လူမှု့ဖူလုံရေးအဖွဲ့
      • အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန
      • အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန
      • ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန
      • ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးဦးစီးဌာန
    • အမေးများသောမေးခွန်းများ
    • အမည်ပျက်စာရင်း
      • MoL – Blacklist
      • Agency – Blacklist
    • ဆက်သွယ်ရန်
  • e-Services
    • ဥပဒေများ New
    • တိုင်ကြားရေးယန္တရား
    • Job Search Portal
    • SWSC Verification
  • သတင်းထုတ်ပြန်ချက်
    • ထုတ်ပြန်ကြေညာချက်များ
    • လှုပ်ရှားမှုများ
    • သတင်းများ

↑ Back to top

အလုပ်သမားဝန်ကြီးဌာန

အလုပ်သမားဝန်ကြီးဌာန
  • တိုင်ကြားရေးယန္တရား
  • ဥပဒေများ
  • ဝန်ကြီးဌာနအကြောင်း
  • ပြည်ထောင်စုဝန်ကြီး
  • ပြည်ထောင်စုဒုတိယဝန်ကြီး
  • ထုတ်ပြန်ကြေညာချက်များ
  • လှုပ်ရှားမှုများ
  • သတင်းများ
  • အမေးများသောမေးခွန်းများ

Copyright © 2025 Ministry of Labour

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ

  • Latest Update: 10/11/2023
  • Supported Browsers
  • Privacy Policy
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it.OkPrivacy policy