Factories and General Labour Laws
Inspection Department

မျှော်မှန်းချက်

ဖက်ဒရယ် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ အလုပ်သမားရေးရာ ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပြီး အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်။

ရည်မှန်းချက်

(က) အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် ဥပဒေ ပြင်ဆင်ရေးဆွဲခြင်းများကို လက်ရှိသာမက နောင်အနာဂတ် လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး။ 

(ခ)  အလုပ်သမား ဥပဒေပါ ရပိုင်ခွင့်များကို မှန်မှန်ကန်ကန် တိတိကျကျ ရရှိနိုင်ရန် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရေး။

(ဂ)  လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါ ရရှိခံစားမှု လျော့နည်း ကျဆင်းရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေနိုင်ရေး။

(ဃ) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေး။